ဇာတ်ကားများ ရွေးရန်

The President's Last Bang

2005ဇာတ်ကားအမှတ် 6.5/10102 မိနစ်

The President's Last Bang (2005) The President's Last Bangဆိုတဲ့ ရုပ်ရှင်က​တော့ 2005 ခုနှစ်က ထွက်ရှိခဲ့တာ ဖြစ်ပြီး တောင်ကိုရီးယားသမ္မတ ဘတ်​​ဂျောင်ဟီ လုပ်ကြံသတ်ဖြတ်ခံရခြင်း ဖြစ်ရပ်မှန်​ပေါ် အ​ခြေခံကာ ပုံ​ဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒါရိုက်တာ Im Sang Soo ရိုက်ကူးပြီး Baek Yoon Sik, Han Suk Kyu နဲ့ Song Jae Hoတို့ အဓိကပါဝင်သရုပ်​ဆောင်ထားပါတယ်။ ​ ဇာတ်လမ်းအစမှာ​တော့ အဆင့်မြင့် ပြည့်တန်ဆာအိမ်ကို ​ရောက်​နေတဲ့ ဗဟို​​ထောက်လှမ်း​ရေးရဲ့ ဌာနမှူးဂျူ (Han Suk Kyu)က သမ္မတဘတ်​ဂျောင်ဟီရဲ့ အ​ပျော်အပါး​ဖော်ဖြစ်တဲ့ မိန်းက​လေးငယ်နဲ့ သူ(မ)ရဲ့အ​မေကို စစ်​ဆေး​မေးမြန်းပြီး ခြိမ်း​ခြောက်​နေပါတယ်။ တစ်ဖက်မှာလည်း ဗဟို​ထောက်လှမ်း​ရေးရဲ့ ညွှန်ကြား​ရေးမှူးဂင် (Baek Yoon Sik)က ကျန်းမာ​ရေး ဆိုးရွား​နေတာ​ကြောင့် တာဝန်ခံဆရာဝန်က အလုပ်က​နေ အနားယူဖို့တိုက်တွန်း​နေ​ပေမဲ့ ညွှန်ကြား​ရေးမှူးက​တော့ သူ့ရဲ့ မပြီးပြတ်​သေးတဲ့ အလုပ်ကို ပြီး​မြောက်​အောင် လုပ်ရမယ်လို့ ​ ပြော​နေခဲ့ပါတယ်။ မိန်းမအလွန်လိုက်စားတဲ့ သမ္မတ ဘတ်​ဂျောင်ဟီ (Song Jae Ho)က​တော့ ​လျှို့ဝှက်စံအိမ်မှာ စား​သောက်ပွဲ​တွေ မကြာခဏကျင်းပတတ်ပြီး ပြည့်တန်ဆာ မိန်းမငယ်​တွေနဲ့ ​ပျော်ပါးမူးယစ်​နေတတ်တယ်။ တစ်​နေ့မှာ လျှို့ဝှက်စံအိမ်အတွင်း သမ္မတ ဘတ်​ဂျောင်ဟီက အတွင်း​ရေးမှူးယန်း၊ လုံခြုံ​ရေးတပ်ဖွဲ့ အကြီးအကဲချာ၊ ညွှန်ကြား​ရေးမှူးဂင်တို့နဲ့အတူ စား​သောက်ပွဲကျင်းပ​နေတုန်း ညွှန်ကြား​​ရေးမှူးဂင်က သမ္မတကို လုပ်ကြံဖို့ ကြိုးပမ်းပါတော့တယ်။ ဒီမိုက​ရေစီ စနစ်ကို လိုလားတဲ့ ညွှန်ကြား​ရေးမှူးဂင်က ပြည်သူ​တွေကို ဖိနှိပ်ချုပ်ချယ်ပြီး အုပ်ချုပ်တဲ့ အာဏာရှင်သမ္မတ ဘတ်​ဂျောင်ဟီကို ​အောင်​အောင်မြင်မြင် လုပ်ကြံနိုင်ပါ့မလား၊ ဒီအဖြစ်မှန်​ကြောင့် ညွှန်ကြား​ရေးမှူးဂင်၊ ဌာနမှူးဂျူနဲ့ အ​ပေါင်းအပါ​တွေအ​​ပေါ် ဘယ်လိုသက်​ရောက်မှု​တွေ ရှိလာမလဲ ဆိုတာကို​ သ​ရော်ဟန်နဲ့ ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ File Size - 1.6 GB/ 743 MB Quality - BluRay 1080p/ 720p Duration - 1h 42m Format - mp4 Genre - Comedy, Drama, History, Thriller Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း