ဇာတ်ကားများ ရွေးရန်

Sita Ramam

2022ဇာတ်ကားအမှတ် 7.9/10158 မိနစ်4K

ရက်ရှ်မီကာ သရုပ်ဆောင်ထားတဲ့ အက်ဖရင်းဟာ အိန္ဒိယလူမျိုးတွေကို အလွန်မုန်းတဲ့ ပါကစ္စတန်လူငယ်ဥက္ကဋ္ဌတစ်ယောက်ပါ။ အိန္ဒိယကျောင်းသားတွေနဲ့ ပါကစ္စတန်ကျောင်းသားတွေ အဓိကရုဏ်းဖြစ်ပြီး အိန္ဒိယဘက်က ပါကစ္စတန်အလံကို မီးရှို့လိုက်တဲ့အခါ သူကလည်း အိန္ဒိယအကြီးအကဲတစ်ယောက်ရဲ့ ကားကို ပြန်မီးရှို့လိုက်တယ်။ ကားပိုင်ရှင်ဘက်က တောင်းပန်ဖို့၊ မတောင်းပန်ရင် လျော်ကြေးတစ်သန်းပေးဖို့ ပြောလာတော့ အက်ဖရင်းက တောင်းပန်မယ့်အစား ငွေပေးဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။ လျော်ကြေးအတွက် အဘိုးဆီ ငွေတောင်းဖို့ လုပ်ပေမယ့် အဘိုးက သေဆုံးသွားပြီဖြစ်ပြီး သူ့အတွက် သေတမ်းစာတစ်စောင် ချန်ထားခဲ့တယ်။ အဘိုးဟာ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က မတည်နိုင်ခဲ့တဲ့ ကတိတစ်ခုကို အက်ဖရင်းက ဖြည့်ဆည်းပေးမှ အမွေရမယ်လို့ ရေးထားပါတယ်။ လုပ်ပေးရမှာက အဘိုးရဲ့သူငယ်ချင်း ရမ်ဆီက စာတစ်စောင်ကို သူ့ကောင်မလေး ဆီတာဆီ ပို့ပေးဖို့ပါ။ ခက်နေတာက ရမ်နဲ့ ဆီတာ နှစ်ယောက်လုံး အိန္ဒိယလူမျိုးတွေ ဖြစ်နေကြတာပါပဲ။ ငွေလိုနေတဲ့ အက်ဖရင်းဟာ အဘိုးရဲ့ဆန္ဒကို လိုက်လျောဖို့ သဘောတူလိုက်ရပြီး သူမဆက်ဆံချင်ဆုံးလူတွေနဲ့ ဆက်ဆံဖို့ ဖြစ်လာတယ်။ နှစ်နှစ်ဆယ်ကြာသွားပြီဖြစ်တဲ့ ဆီတာ့ကို သူ ဘယ်လိုလိုက်ရှာမလဲ၊ အိန္ဒိယနဲ့ ပါကစ္စတန်တို့ကြားက အာဃာတတွေကြားမှာ ဆီတာနဲ့ ရမ်တို့ရဲ့ အချစ်ဇာတ်လမ်းက ဘယ်လိုဖြစ်ခဲ့တာလဲဆိုတာ စာတစ်စောင်ပို့ပေးရမယ့် ဒီခရီးနဲ့အတူ ဆက်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း