Nanny
အာရီရှာဟာ အာဖရိကမှာ ကျန်နေတဲ့ သားလေးလာမင်ကို အမေရိကဆီ ခေါ်နိုင်ဖို့ အလုပ်ကြိုးစားနေတဲ့ မိခင်တစ်ယောက်ပါ။ အသစ်ရထားတဲ့ ကလေးထိန်းအလုပ်ကို လုပ်ရင်း ငွေရှာနေတုန်းမှာပဲ ဝိညာဉ်တွေကို မြင်တွေ့လာရပါတယ်။ ဘာကြောင့် ဒီလိုမြင်နေရသလဲဆိုတာ သိချင်လို့ ကျွမ်းကျင်သူတစ်ယောက်နဲ့ တွေ့ဆုံပြီး အဖြေရှာဖို့ ကြိုးစားခဲ့တယ်။ သားကို အနားခေါ်နိုင်ဖို့ ကြိုးစားနေတဲ့ အာရီရှာ ဘာတွေထပ်ကြုံရမလဲ၊ သူမြင်နေရတဲ့ ဝိညာဉ်တွေရဲ့အကြောင်းရင်းက ဘာလဲဆိုတာကို ၂၀၂၂ ခုနှစ်ထွက် ဒီသရဲသည်းထိတ်ရင်ဖိုဇာတ်ကားမှာ ပြထားပါတယ်။ ရုတ်တရက်လန့်အောင် ခြောက်တဲ့ပြကွက်တွေ မများဘဲ ရိုးရှင်းသလိုရှိတဲ့ ဇာတ်လမ်းထဲမှာ လှည့်ကွက်တွေ ထည့်ထားပါတယ်။
ဇာတ်လမ်းအကြောင်း