Tourist Trap
Tourist Trap (1979) IMDb Rating (6.0) / Rotten Tomatoes (63%) အိုင်လင်း၊ ဘတ်ကီ၊ ဂျယ်ရီနဲ့ မော်လီတို့ဟာ အပျော်ခရီးထွက်လာကြရင်း ကားဘီးပေါက်သွားတာကြောင့်လမ်းဘေးမှာသောင်တင်နေကြတဲ့ လူငယ်တစ်စုဖြစ်ပါတယ်။ ဂျယ်ရီက ဘီးပြင်ဖို့အတွက် အကူအညီရှာဖို့ထွက်သွားခဲ့ပေမယ့် အချိန်တန်ပြန်ရောက်မလာတဲ့အတွက် ကျန်တဲ့သူငယ်ချင်းတွေက လိုက်ရှာကြရင်း ပြတိုက်ဟောင်းတစ်ခုကိုရောက်သွားခဲ့ကြပြီး ပြတိုက်ပိုင်ရှင် မစ္စတာ ဆလော်ဆင်နဲ့တွေ့ပြီး အကူအညီတောင်းကြရာကနေ တစ်ယောက်ပြီး တစ်ယောက်ကြမ္မာဆိုးကြုံရဖို့ဖြစ်လာပါတော့တယ်။ မစ္စတာဆလော်ဆင့်ဆီမှာ ပြတိုက်ထဲက Mannequins တွေကိုလုပ်ပေးတဲ့၊ စိတ်မနှံ့တဲ့ညီတစ်ယောက်ရှိနေပြီး အဲ့ဒီညီက သူ့သားကောင်တွေကိုသတ်ဖြတ်ပြီးတဲ့နောက် ဖယောင်းနဲ့လောင်းပြီး Mannequins အဖြစ်ပြောင်းပစ်လေ့ရှိလို့ပါပဲ။ ဇာတ်လမ်းကရိုးစင်းတယ်လို့ထင်ရပေမယ့် သုံးသွားတဲ့လှည့်ကွက်တွေက အတော်မိုက်ပါတယ်။ Slasher ကားကိုမှလူသတ်သမားမှာ Telekinesis အစွမ်းရှိနေတယ်ဆိုတဲ့အချက်ကလည်း ဇာတ်လမ်းကိုထူးခြားစေပြီး နောက်ခံတေးဂီတကလည်းကျောစိမ့်လောက်အောင်ကိုကောင်းပါတယ်။ ၁၉၇၉ ခုနှစ်ကထွက်တဲ့ ဒီဇာတ်ကားဟာထွက်ရှိစဉ်က ရုံဝင်ငွေအရအောင်မြင်ခဲ့ပေမယ့် ဝေဖန်ရေးဆရာတွေကတော့ မနှစ်မြို့ခဲ့ကြပါဘူး။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ တစ်ဖြည်းဖြည်းနဲ့လူပြန်သိလာပြီး တစ်ဖန်ပြန်လည်အောင်မြင်လာခဲ့တဲ့အပြင် သည်းထိတ်ရင်ဖိုဆရာကြီး Stephen King က သူကိုယ်တိုင်ကြောက်မိတဲ့ ဟော်ရာကားကောင်းတစ်ကားအဖြစ်အသိအမှတ်ပြုခဲ့သလို Obscure Classic လို့လည်းချီးကျူးခဲ့ပါတယ်။ File size… (940 MB) / (610 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Fantasy,Horror Duration…. 01:25:47 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း