Beast
နိတ်ဒန်နီယယ်ဟာ သမီးနှစ်ယောက်နဲ့အတူ တောင်အာဖရိကကို အလည်အပတ် ထွက်လာပါတယ်။ ဒီခရီးကို ဖိတ်ခေါ်သူက သူ့မိတ်ဆွေဟောင်း မာတင်ပါ။ မာတင်ဟာ နိတ်နဲ့ သူ့ဇနီးတို့ကို အောင်သွယ်ပေးခဲ့သူလည်း ဖြစ်တယ်။ သူတို့ဟာ နိတ်ရဲ့ဇနီး ကြီးပြင်းခဲ့တဲ့ ရွာလေးဆီ ခရီးဆက်ကြရင်း တားမြစ်နယ်မြေတစ်ခုကို ဖြတ်သန်းမိတဲ့အခါ ခြင်္သေ့ကြီးတစ်ကောင်နဲ့ ရင်ဆိုင်လိုက်ရပါတယ်။ ဒီခြင်္သေ့ဟာ တွေ့သမျှလူတွေကို သဲသဲမဲမဲ လိုက်သတ်နေတဲ့အကောင်ပါ။ သူ့အုပ်စုတစ်စုလုံးကို တရားမဝင်မုဆိုးတွေက သတ်ပစ်ခဲ့လို့ လူတွေကို ရန်ပြုနေတာ ဖြစ်ပါတယ်။ အလည်အပတ်ခရီးကနေ ခြင်္သေ့ရန်ကြား အသက်ရှင်ဖို့ ရုန်းကန်ရတဲ့ခရီး ဖြစ်သွားပုံကို အာဖရိကတောရိုင်းနောက်ခံနဲ့ ရိုက်ကူးထားပြီး Suicide Squad မှာ Bloodsport အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Elba ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း