ဇာတ်ကားများ ရွေးရန်

Possession

1981ဇာတ်ကားအမှတ် 7.3/10124 မိနစ်

စပိုင်တစ်ယောက်ဖြစ်တဲ့ မာ့ခ်ဟာ မစ်ရှင်ပြီးလို့ ဇနီးအန်နာနဲ့ သားလေးဘော့ဘ်ရှိရာ အိမ်ကို ပြန်လာချိန်မှာ ကွာရှင်းပေးဖို့ တောင်းဆိုခံရပါတယ်။ အကြောင်းရင်းကို မေးကြည့်တော့ အန်နာက တခြားလူရှိလို့ မဟုတ်ဘူးလို့ အကြိမ်ကြိမ်ငြင်းပေမယ့် တကယ်တော့ သူ့မှာ နောက်တစ်ယောက်ရှိနေတယ်။ မာ့ခ်က အိမ်နဲ့ကလေးကို ပေးခဲ့ပြီး ခွဲနေလိုက်ပေမယ့် အန်နာဟာ သားကို အိမ်မှာ ရက်သတ္တပတ်အတော်ကြာ တစ်ယောက်တည်းထားပြီး ဘယ်သွားမှန်းမသိ ထွက်သွားနေပါတယ်။ မာ့ခ်လည်း စိတ်ညစ်လို့ အရက်သောက်ရင်း အရက်ကြောင်တဲ့အထိ ဖြစ်လာတယ်။ ဒါပေမဲ့ သားလေးရဲ့အခြေအနေကို တွေ့လိုက်ရတဲ့အခါ အိမ်ကိုပြန်လာနေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အန်နာကို ပြန်မလာဖို့ ပြောထားပေမယ့် သူက ကလေးကို အကြောင်းပြပြီး လာချင်တဲ့အချိန် လာလိုက်၊ ထူးထူးဆန်းဆန်းတွေ လုပ်ပြီး ပြန်ထွက်သွားလိုက်နဲ့ပါပဲ။ ချစ်သူအသစ်ဆီမှာ နေနေတာလားလို့ မာ့ခ်က စုံစမ်းကြည့်တော့လည်း ထင်ထားသလို မဟုတ်ပြန်ဘူး။ အန်နာ ဘယ်ကိုသွားနေသလဲ၊ ဘာတွေဖုံးကွယ်ထားသလဲဆိုတာကို မာ့ခ် ဆက်စုံစမ်းရပါတော့တယ်။ သွေးထွက်သံယိုနဲ့ ဝတ်လစ်စလစ်အခန်းတချို့ ပါဝင်တဲ့ ထိတ်လန့်သည်းဖိုဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း