ဇာတ်ကားများ ရွေးရန်

Return to House on Haunted Hill

2007ဇာတ်ကားအမှတ် 5.5/1081 မိနစ်

Return to House on Haunted Hill (2007) IMDb Rating (4.5) Return To House On Haunted Hill 2007 ဟာ ၁၉၉၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ House on Haunted Hill ရဲ့တိုက်ရိုက်အဆက်ဖြစ်ပြီး ပထမကားလိုပဲ ကြောက်စရာ ဗန်နာကတ် စိတ်ကျန်းမာရေးဆေးရုံကြီးကိုအခြေခံထားတာပါ။ ပထမဇာတ်ကားမှာ အိမ်ကြီးဆီကလွတ်မြောက်ခဲ့သူ အနည်းငယ်ထဲက တစ်ယောက်ဖြစ်တဲ့ ဆာရာဝုဖ် သေဆုံးသွားတဲ့နောက်ညီမဖြစ်သူ အေရီယယ်ဝုဖ်ဟာ ဆာရာ့သေဆုံးမှုနဲ့ပတ်သက်တဲ့လျှို့ဝှက်ချက်တွေကိုစုံစမ်းဖို့ကြိုးစားပါတယ်။ အဲ့ဒီအချိန်မှာပဲရှေးဟောင်းပစ္စည်းရှာဖွေသူတစ်စုက ဆေးရုံဟောင်းကြီးထဲမှာရှိနေတဲ့ ဒေါ်လာသန်းပေါင်းများစွာတန်ဖိုးရှိတဲ့ဘာဖိုမက် ရုပ်တုကိုရှာဖို့အတွက် အေရီယယ်ကို ဖမ်းခေါ်သွားကြပါတော့တယ်။ သူတို့တွေဆေးရုံထဲကိုရောက်သွားတဲ့အချိန်မှာတော့ အိမ်ကြီးမှာတပ်ဆင်ထားတဲ့ စက်ယန္တရားတွေ၊ အိမ်ကြီးရဲ့ကျိန်စာတွေ ခြောက်ခြားစရာဝိဉာဉ်တွေကြားမှာ အားလုံးပိတ်မိသွားပြီး အသက်ရှင်ရုန်းကန်ဖို့ကြိုးစားကြပုံတွေကိုရှုစားရမှာဖြစ်ပါတယ်။ ပထမကားကိုမမှီကြဘူးလို့ လူတွေပြောကြပေမယ့် ဟော်ရာအငွေ့အသက်တော့ အပြည့်အ၀ပေးစွမ်းနိုင်တဲ့ဇာတ်ကားပဲဖြစ်ပြီး သွေးထွက်သံယိုခန်းတွေပိုများသလို CGI တွေလည်းပိုပီပြင်လာပါတယ်။ အထူးသဖြင့် အိမ်ကြီးထဲမှာ ကျိန်စာသင့်နေတဲ့တစ္ဆေတွေနဲ့ပိတ်မိတယ်ဆိုတဲ့ ဇာတ်နောက်ခံကြောင့် Thirteen ghosts တုန်းကလိုခံစားချက်မျိုးပြန်ပေးနိုင်ပါတယ်။ (ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။) File size… (1.9 GB) / (930 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror,Thriller Duration…. 01:22:26 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း