ဇာတ်ကားများ ရွေးရန်

Father Mother Sister Brother

2025ဇာတ်ကားအမှတ် 6.6/10111 မိနစ်

Father Mother Sister Brother (2025) ++++++++++++ IMDb Rating (6.6) / Rotten Tomatoes (81%) ဒီတစ်ခါတော့ ဆုတွေအများကြီးရထားတဲ့ နာမည်ကြီး ဒါရိုက်တာ ဂျင်မ်ဂျာမွတ်ရှ် (Jim Jarmusch) ရဲ့ ၂၀၂၅ ထွက် အင်ဒီကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားက ၂၀၂၅ ဗင်းနစ်ရုပ်ရှင်ပွဲတော် (Venice Film Festival) မှာ အကောင်းဆုံးဇာတ်ကားဆု (Golden Lion) ကြီးကိုတောင် ဆွတ်ခူးသွားတဲ့အထိ အောင်မြင်ခဲ့တာပါ။ ဇာတ်လမ်းအကြောင်း ++++++++++++ ဒီရုပ်ရှင်က သာမန်ကားတွေလို ဇာတ်လမ်းတစ်ပုဒ်တည်း သွားတာမဟုတ်ဘဲ နိုင်ငံ ၃ နိုင်ငံမှာဖြစ်ပျက်နေတဲ့ မိသားစု ၃ စုရဲ့ ဇာတ်လမ်းတို ၃ ခုကို ဆက်စပ်ပြီး ပြသသွားတာမျိုးပါ။ အဓိကပြောချင်တာကတော့ အရွယ်ရောက်ပြီးသား သားသမီးတွေနဲ့ သူတို့နဲ့ သိပ်မရင်းနှီးတော့တဲ့ မိဘတွေကြားက ဆက်ဆံရေးတွေအကြောင်းပါပဲ။ ပထမဇာတ်လမ်း (ဖခင်): အမေရိကန်ကျေးလက်ဒေသက နှင်းတွေကျနေတဲ့ နေရာလေးတစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်။ မောင်နှမနှစ်ယောက်က သူတို့နဲ့သိပ်မရင်းနှီးတော့တဲ့၊ တစ်ယောက်တည်း အထီးကျန်နေထိုင်နေတဲ့ သူတို့အဖေဆီကို သွားလည်ကြတာပါ။ အဖေဖြစ်သူက ဆင်းရဲသယောင်ယောင် ဟန်ဆောင်နေပေမဲ့ တကယ်တမ်းကျတော့ ငွေကြေးပြည့်စုံပြီး သူ့သားသမီးတွေရဲ့ ဘဝကို သိပ်ဂရုမစိုက်ချင်တဲ့ပုံစံ ပေါက်နေပါတယ်။ သားဖြစ်သူ ကွာရှင်းထားတာကိုတောင် မေ့နေတဲ့အထိပါပဲ။ သူတို့ပြန်သွားမှ အိမ်ကိုသေချာရှင်းလင်းပြီး ကားအကောင်းစားကြီးနဲ့ အပြင်ထွက်သွားတဲ့ အဖေတစ်ယောက်ရဲ့ လျှို့ဝှက်ချက်တွေကို မြင်ရမှာပါ။ ဒုတိယဇာတ်လမ်း (မိခင်): ဒီဇာတ်လမ်းကတော့ အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့က နာမည်ကြီး စာရေးဆရာမကြီးနဲ့ သူ့ရဲ့ သမီးနှစ်ယောက်အကြောင်းပါ။ သူတို့သုံးယောက်က တစ်နှစ်လုံးနေမှ လက်ဖက်ရည်သောက်ဖို့ တစ်ခါပဲ ဆုံဖြစ်ကြတာပါ။ ဆုံတဲ့အချိန်မှာလည်း တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်းမရှိဘဲ ဟန်ဆောင်မှုတွေ၊ မပြောဘဲမျိုသိပ်ထားတဲ့ ခံစားချက်တွေနဲ့ မိသားစုကြားက အေးစက်စက်နိုင်လှတဲ့ အခြေအနေကို ပီပြင်စွာ ရိုက်ပြထားပါတယ်။ တတိယဇာတ်လမ်း (မောင်နှမ): နောက်ဆုံးဇာတ်လမ်းကတော့ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာဖြစ်ပြီး အမြွှာမောင်နှမနှစ်ယောက်အကြောင်းပါ။ သူတို့ကတော့ ရှေ့က ဇာတ်လမ်းနှစ်ခုနဲ့မတူဘဲ မိဘတွေ လေယာဉ်ပျက်ကျလို့ ရုတ်တရက် သေဆုံးသွားချိန်မှာ မိဘတွေချန်ထားခဲ့တဲ့ ပစ္စည်းလေးတွေကိုကြည့်ပြီး လွမ်းဆွတ်တမ်းတနေကြတဲ့ ဇာတ်လမ်းလေးပါ။ သူတို့ရဲ့မိဘတွေက တကယ်ပဲ ဘယ်လိုလူမျိုးတွေလဲဆိုတာကို ပြန်လည်ရှာဖွေရင်း မိဘမေတ္တာကို ခံစားရမယ့် အပိုင်းလေး ဖြစ်ပါတယ်။ ဒီကားက အက်ရှင်ကားတွေလို ဒုန်းဒိုင်းတွေပါမှာ မဟုတ်သလို၊ မျက်ရည်တွေ ဇာတ်လမ်းတွေနဲ့ ဒရာမာကြီးလည်း မဟုတ်ပါဘူး။ ဒါရိုက်တာကိုယ်တိုင်က "Anti-action" ကားလို့ တင်စားထားတဲ့အတိုင်း တည်တည်ငြိမ်ငြိမ်နဲ့ သွားမယ့်ကားမျိုးပါ။ မိသားစုဝင်တွေကြားက ပြောမထွက်တဲ့ စကားတွေ၊ အနေဝေးသွားတဲ့အခါ ဖြစ်လာတဲ့ အစိမ်းသက်သက်နိုင်မှုတွေ၊ ကိုယ့်မိဘတွေကို တကယ်ရော နားလည်ခဲ့ရဲ့လား ဆိုတဲ့ အတွေးတွေကို ခပ်ငြိမ့်ငြိမ့်လေးနဲ့ တွေးစရာပေးသွားမယ့် ကားကောင်းတစ်ကားပါ။ သရုပ်ဆောင်ပိုင်းမှာဆိုရင်လည်း အက်ဒမ်ဒရိုက်ဗာ (Adam Driver)၊ ကိတ်ဘလန်ချက် (Cate Blanchett) တို့လို နာမည်ကြီး သရုပ်ဆောင်တွေ အများကြီးပါဝင်ထားလို့ သရုပ်ဆောင်ပညာကိုပါ အပြည့်အဝခံစားရမှာပါ။ မိသားစုဆက်ဆံရေးတွေကို သဘာဝကျကျ၊ အေးအေးဆေးဆေးနဲ့ တွေးတွေးဆဆ ကြည့်ချင်တဲ့သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ ကားလေးပါပဲ။ File Size… (1.50GB) / (836MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 50m Genre ….Comedy , Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း