ဇာတ်ကားများ ရွေးရန်

Jangan Panggil Mama Kafir

2025ဇာတ်ကားအမှတ် 7.0/10110 မိနစ်

Jangan Panggil Mama Kafir (2025) IMDb Rating (6.2) ခရစ်စမတ်အကြိုညတစ်ညမှာ ဘုရားကျောင်းတစ်ခုထဲ မာရီယာနဲ့ဖာဖတ်တို့တွေ့ဆုံခဲ့ခြင်းဟာ သူတို့နှစ်ယောက်ရဲ့ကံကြမ္မာကိုအကြီးအကျယ်ပြောင်းလဲစေခဲ့ပါတယ်။ မာရီယာဟာ ဖာဖတ်နဲ့သူ့ရဲ့ဆက်ဆံရေးကနေ ဘာသာကွဲအချစ်ဇာတ်လမ်းတစ်ခုဖြစ်လာလိမ့်မယ်လို့ တစ်ခါမှ မမျှော်လင့်ခဲ့ဖူးပါဘူး။ ဒါပေမယ့်သူတို့နှစ်ဦးဟာ အသည်းအသန်ချစ်မိသွားပြီးအားလုံးကိုဆန့်ကျင်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ သူတို့သမီးလေးမွေးပြီးလို့ တစ်နှစ်မပြည့်တတ်သေးခင် ဖာဖတ်ဟာမတော်တဆမှုတစ်ခုနဲ့ဆုံးပါးသွားပြီးနောက် မာရီယာဟာ ကွယ်လွန်သူခင်ပွန်းကိုပေးထားတဲ့ကတိအတိုင်း သမီးလေးလိုင်လာကို အစ္စလာမ်ဘာသာဝင်တစ်ဦးအဖြစ် ဘာသာရေးသွန်သင်ချက်တွေနဲ့အညီစိတ်ရှည်လက်ရှည်ပျိုးထောင်ပေးခဲ့တယ်။ ဒါပေမယ့်လည်း ယောက္ခမဖြစ်သူ ဟာဘီဘာရဲ့အမြင်မှာတော့ မာရီယာရဲ့ပျိုးထောင်မှုတွေဟာဘာသာရေးအရလိုအပ်ချက်တွေရှိနေသေးတယ်လို့ အမြင်နဲ့အားမလိုအားမရဖြစ်ပြီး ကလေးကိုအုပ်ထိန်းခွင့်ရဖို့တရားရုံးမှာ ဦးတိုက်လျှောက်ထားပါတော့တယ်။ ခင်ပွန်းသည်ကိုဆုံးရှုံးရပြီးတဲ့နောက် မာရီယာဟာ သူ့သမီးလေးကိုပါဆက်ပြီးဆုံးရှုံးရဦးမလား? ခံယူချက်ချင်း၊ မေတ္တာချင်း ယုံကြည်ချက်ချင်း အပြိုင်အဆိုင်အနိုင်ကြဲကြရမယ့် တိုက်ပွဲကို ဆက်လက်ရှုစားကြပါ။ File size… (950 MB) / (630 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:50:38 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း