ဇာတ်ကားများ ရွေးရန်

The Wedding Party

2025ဇာတ်ကားအမှတ် 6.0/10113 မိနစ်

မိသားစုဝင်တွေကြားက မပြေလည်မှုတွေကို ခရီးသွားရင်း ဟာသနှောပြီး ဖြေရှင်းကြတဲ့ Indie Road-Trip Comedy ဇာတ်ကားလေး ဖြစ်ပါတယ်။မောင်နှမတွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အချင်းချင်း မနာလိုတာ၊ ရန်ဖြစ်တာနဲ့ အပြန်အလှန် ချစ်ခင်တာတွေကို သဘာဝကျကျ ပုံဖော်ထားပါတယ်။ခရီးသွားရင်း ကားပျက်တာ၊ လမ်းမှားတာ စတဲ့ အလွဲလေးတွေကလည်း ဇာတ်လမ်းကို ပျင်းစရာမကောင်းဘဲ ပေါ့ပေါ့ပါးပါး ဖြစ်စေပါတယ်... မတူညီတဲ့ဘဝတွေကို အသီးသီး ဖြတ်သန်းနေကြတဲ့ မောင်နှမ လေးယောက်အကြောင်းကို အခြေခံထားပါတယ်။ သူတို့ထဲမှာ စိတ်ကူးယဉ်ဆန်တဲ့ ကဗျာဆရာ၊ အောင်မြင်မှုမရသေးတဲ့ မင်းသား၊ အိမ်ထောင်ရေးအဆင်မပြေဖြစ်နေတဲ့ အစ်မကြီးနဲ့ စိတ်ဓာတ်ကျနေတဲ့ ညီမလေးတို့ ပါဝင်ပါတယ်။လေးယောက်လုံးဟာ သူတို့ရဲ့ မိဘနှစ်ပါးက မမျှော်လင့်ဘဲ နောက်တစ်ကြိမ် မင်္ဂလာဆောင် (Vow Renewal) လုပ်မယ်ဆိုတဲ့ သတင်းကြောင့် မိုင်ပေါင်း ၁၄၀၀ ကျော်ဝေးတဲ့ ခရီးကို ကားတစ်စီးတည်းနဲ့ အတူတူ ထွက်လာခဲ့ကြပါတယ်။ လမ်းခရီးတစ်လျှောက်မှာ အရင်က မပြောဖြစ်ခဲ့တဲ့ ရန်ညှိုးအဟောင်းတွေ၊ ရယ်စရာအလွဲတွေနဲ့ ဘဝရဲ့ အခက်အခဲတွေကို ရင်ဆိုင်ရင်း သူတို့ကြားက မောင်နှမသံယောဇဉ်ကို ပြန်လည်ရှာဖွေပုံကို ရိုက်ကူးထားတဲ့ကားလေးပါ File size…(2.2 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း