ဇာတ်ကားများ ရွေးရန်

Just a Job

2026ဇာတ်ကားအမှတ် 6.3/10

ကုမ္ပဏီမှာအလုပ်တွေအသေအလဲလုပ်ရင်းကိုယ့်အတွက်ကိုယ်အချိန်မပေးနိုင်တဲ့သူတွေရှိနေပြီလား ? ဒီဇာတ်ကားလေးကတော့ ကုမ္ပဏီရဲ့ဝန်ထမ်းတွေအပေါ်မစာနာတတ်ပုံတွေကို ဟာသနှောရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းလေးအနေနဲ့ ရှန့်ဟိုင်ကကုမ္ပဏီတစ်ခုက အမှတ်တံဆိပ်ဌာနမှာအလုပ်လုပ်နေတဲ့ မာကျန့်ထင်ဆိုတဲ့လူငယ်လေးရှိပါတယ် ။ ဒါပေမဲ့ကုမ္ပဏီက တော်တော်ဆိုးဆိုးကို ဝန်ထမ်းတွေအပေါ် အနိုင်ကျင့်ပုံများက အဖိုးဖြစ်သူဆုံးသွားလို့နာရေးခွင့်တင်တာတောင် ခွင့်မပေးပါဘူး ။အဲဒါကြောင့်သူကအိမ်သာထဲမှာငိုကြွေးနေတုန်းမှာပဲ သူ့လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ နျုံရှောင်ချန်းဆိုတဲ့ကောင်လေးက ဒီကိစ္စတွေကအခါခါဖြစ်ဖူးကြောင်း ငိုမနေဘဲအလုပ်မြန်မြန်လုပ်မှသာ ဒီသံသရာထဲကနေထွက်နိုင်မှာဖြစ်ကြောင်းထူးထူးဆန်းဆန်းတွေပြောလာပါတော့တယ် ဇာတ်လမ်းထဲမှာတော့ ရှောင်မာတစ်ယောက် သံသရာထဲကနေမလွတ်ဘူးဆိုတာသိပြီးတာနဲ့ အလုပ်တွေမလုပ်တော့ဘဲလျှောက်ကစားမလား ဒါမှမဟုတ် ဒီအလုပ်တွေကိုရင်ဆိုင်ပြီးသံသရာထဲကနေလွတ်အောင်လုပ်မလားဆိုတာကို ရယ်မောဖွယ်မြင်တွေ့ရမှာဖြစ်ပါတယ် ။ အားလုံးပဲဇာတ်လမ်းလေးထဲမှာ ရယ်မောစရာ ဝမ်းနည်းစရာတွေကိုတပြိုင်နက်ခံစားရမှာဖြစ်လို့ အခုပဲကြည့်ရှု့လိုက်တော့နော် Filesize : 1.17 GB / 694 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Comedy Runtime : 1h 40 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း