ဇာတ်ကားများ ရွေးရန်

Tatara Samurai

2017ဇာတ်ကားအမှတ် 5.5/10135 မိနစ်

Tatara Samurai (2017) IMDb Rating (5.8) "ဆာမူရိုင်းတစ်ယောက်ရဲ့ တကယ့် ခွန်အားဆိုတာ ဓားတစ်လက်ကို ကိုင်ဆောင်နိုင်ခြင်းလား... ဒါမှမဟုတ် ဓားတစ်လက်ကို ဖန်တီးနိုင်ခြင်းလား..." ဆာမူရိုင်းကားတွေ၊ ဂျပန်သမိုင်းနောက်ခံ Jidaigeki ဇာတ်ကားကောင်းကောင်း ကြိုက်တဲ့ ဘော်ဒါတို့အတွက် အက်ရှင်နဲ့ ဒရာမာကို သေသပ်စွာ ပေါင်းစပ်ထားတဲ့ "Tatara Samurai" ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားမှာ EXILE TRIBE က နာမည်ကြီး မင်းသားတွေဖြစ်တဲ့ Sho Aoyagi, Naoki Kobayashi နဲ့ Akira တို့ အဓိက ပါဝင်အားဖြည့်ထားသလို မင်းသမီးချောလေး Anna Ishii ကိုလည်း မြင်တွေ့ရမှာပါ။ ဇာတ်လမ်းကတော့ ၁၆ ရာစု ဂျပန်ပြည်ရဲ့ စစ်မက်တွေ ဖြစ်ပွားနေတဲ့ ဆန်ဂိုကု (Sengoku) ခေတ်ကို နောက်ခံထားပါတယ်။ အီဇူမို (Izumo) တောင်တန်းတွေကြားက ရွာလေးတစ်ရွာမှာ ဂိုဆုကဲ ဆိုတဲ့ လူငယ်လေး တစ်ယောက်ရှိတယ်။ သူက မျိုးရိုးစဉ်ဆက် "တာတာရာ" လို့ခေါ်တဲ့ ဂျပန်ရိုးရာ သံမဏိချက်လုပ်တဲ့ ပညာရပ်ကို ဆက်ခံရမယ့်သူပါ။ ဒါပေမဲ့ သူတို့ရွာလေးက သံမဏိတွေ ထွက်လို့ ခဏခဏ ဓားပြတိုက်ခံရ၊ တိုက်ခိုက်ခံရတဲ့အခါ... ဂိုဆုကဲတစ်ယောက် ရွာကို ကာကွယ်ချင်စိတ်နဲ့ သံမဏိချက်တဲ့ ဖိုရှေ့ကနေ ထွက်ပြီး ဆာမူရိုင်း တစ်ယောက်ဖြစ်ဖို့ ဆုံးဖြတ်လိုက်ပြီး သူ့ရဲ့ ချစ်သူ အိုခုနိနဲ့ ရွာကို ကျောခိုင်းပြီး တပ်ထဲကို ဝင်ဖို့ ကြိုးစားပါတော့တယ်။ ဆာမူရိုင်းဆိုတဲ့ ဂုဏ်ပုဒ်နောက်ကို လိုက်ရင်း... လက်နက်တွေ၊ သေနတ်တွေ နေရာယူလာတဲ့ စစ်ပွဲတွေကြားမှာ ဂိုဆုကဲ တစ်ယောက် ဘယ်လို အခက်အခဲတွေ၊ စိတ်ဒဏ်ရာတွေနဲ့ ရင်ဆိုင်ရမလဲ။ သူ့ရဲ့ မူလဇစ်မြစ်ဖြစ်တဲ့ "သံမဏိချက်လုပ်ခြင်း" ဆိုတာကရော သူ့ကို ဘယ်လို ပြန်လည်လမ်းပြပေးမလဲ ဆိုတာကို ရင်ခုန်စရာ၊ ခံစားစရာ အပြည့်နဲ့ ရှုစားရမှာပါ။ Visual ပိုင်းရော၊ Cinematography ပိုင်းပါ အရမ်းလှသလို၊ ဆာမူရိုင်းတွေရဲ့ Bushido စိတ်ဓာတ်နဲ့ ရိုးရာအမွေအနှစ်ကို ထိန်းသိမ်းခြင်းဆိုတဲ့ အနှစ်သာရကိုပါ သေသေချာချာ ရိုက်ပြထားတာမို့ Historical Drama/Action Vibe မျိုးကို ကြိုက်တယ်ဆိုရင်တော့ လက်မလွှတ်တမ်းသာ ပြေးကြည့်လိုက်ကြပါတော့ဗျာ။ File Size : 3.28GB/ 1.26GB Quality : BluRay 1080p 5.1 CH/ 720p Format : mp4 Duration : 1hr 26m Genre :Action, Comedy, Drama, History, War Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း