Ruby Gillman, Teenage Kraken
ခရက်ကန်ဆိုရင် လှေတွေ၊ သင်္ဘောတွေကို နစ်မြုပ်စေပြီး သင်္ဘောသားတွေကို သတ်တဲ့ သတ္တဝါဆိုးကြီးတွေလို့ လူတွေ ကြားဖူးထားကြပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ ခရက်ကန်မိသားစုတစ်စုက လူယောင်ဆောင်ပြီး သမုဒ္ဒရာကမ်းခြေက မြို့လေးတစ်မြို့မှာ အခြေချနေကြတယ်။ အဲဒီမိသားစုထဲက အသက် ၁၅ နှစ်အရွယ် ရူဘီဂေမန်ဟာ ကိုယ်က ခရက်ကန်ဖြစ်ကြောင်း လူတွေမသိအောင် ဖုံးကွယ်ရင်း သူများတွေနဲ့ အဆင်ပြေပြေ ပေါင်းသင်းနိုင်ဖို့ ကြိုးစားနေတဲ့ အထက်တန်းကျောင်းသူလေးပါ။ သူ့အမေ အာဂ်သာက သမုဒ္ဒရာထဲကို ဘယ်တော့မှ မဆင်းဖို့ တင်းတင်းကြပ်ကြပ် မှာထားပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ ရူဘီ အမှတ်မထင် ရေထဲဆင်းမိပြီး ဧရာမခရက်ကန်ကြီးအဖြစ် ပြောင်းသွားတယ်။ အဲဒီနောက် သူနဲ့ သူ့အမေရဲ့ အတိတ်အကြောင်းတွေကို သိလာရသလို ရေသူမလေးတစ်ယောက်နဲ့လည်း သူငယ်ချင်းဖြစ်လာပါတယ်။ ရေသူမတွေနဲ့ ခရက်ကန်တွေက ရန်သူတွေဖြစ်နေတော့ ဒီသူငယ်ချင်းနှစ်ယောက် တိုက်ပွဲတွေကို တားဆီးဖို့ ဘယ်လိုကြိုးစားကြမလဲ။ The Croods (2013) ကို ရေးသားခဲ့တဲ့ Kirk DeMicco က ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး To All the Boys I've Loved Before မှာ ပါဝင်ခဲ့တဲ့ Lana Condor က အသံသရုပ်ဆောင်ထားတဲ့ အက်ရှင်နဲ့ စွန့်စားခန်းကာတွန်းရုပ်ရှင်ပါ။
ဇာတ်လမ်းအကြောင်း