ဇာတ်ကားများ ရွေးရန်

Breaking Walls

2025ဇာတ်ကားအမှတ် 5.7/1088 မိနစ်

၁၉၈၉ ခုနှစ်၊ ဘီဘာအို (Bilbao) မြို့က အခြေခံလူတန်းစား ဖခင်တွေရဲ့ ဘဝကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။စပိန်ရဲ့ ထိပ်တန်းမင်းသားတွေဖြစ်တဲ့ Quim Gutiérrez နဲ့ Juan Diego Botto တို့က ဖခင်တွေနေရာကနေ ပီပြင်စွာ သရုပ်ဆောင်ထားကြပါတယ်။ဟာသကားဆိုပေမဲ့ လူတန်းစားတစ်ရပ်ရဲ့ ရုန်းကန်မှုကို ဟာသနှောတင်ဆက်ထားတဲ့ ကားမျိုးတွေကို ကြိုက်တဲ့သူတွေအတွက် လက်မလွှတ်သင့်တဲ့ ကားလေးပါ။ ဇာတ်လမ်းက ၁၉၈၉ ခုနှစ်၊ စပိန်နိုင်ငံ၊ ဘီဘာအိုမြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်လေးတစ်ခုမှာ အခြေခံထားပါတယ်။ ကလေးမြေပြင်ကျွမ်းဘား အဖွဲ့လေးဟာ ဘာလင်မှာကျင်းပမယ့်ချန်ပီယံပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ အခွင့်အရေး ရရှိခဲ့ပါတယ်။ ပုံမှန်ဆိုရင်တော့ ဒီလိုခရီးစဉ်တွေကို အမေတွေက လိုက်ပါစောင့်ရှောက်ပေးလေ့ရှိပေမဲ့၊ ဒီတစ်ခါမှာတော့ အကြောင်းအမျိုးမျိုးကြောင့် အမေတွေ မလိုက်နိုင်ဘဲ အဖေတွေ ကပဲ သမီးလေးတွေကိုခေါပြီး ဘာလင်အထိ လိုက်သွားရမယ့် တာဝန် ကျလာပါတယ်။ အလုပ်ကြမ်းသမားတွေဖြစ်ပြီး အိမ်မှုကိစ္စနဲ့ ကလေးထိန်းတာကို အစိမ်းသက်သက်ဖြစ်နေတဲ့ ဒီအဖေတွေဟာ သမီးတွေရဲ့ ပြိုင်ပွဲကိစ္စ၊ ဆယ်ကျော်သက်လေးတွေရဲ့ ဝေယျာဝစ္စတွေကိုကိုင်တွယ်ရင်းကနေ သူတို့ကိုယ်တိုင်လည်း ဖခင်ကောင်းတွေဖြစ်အောင် ဘယ်လိုကြိုးစားကြမလဲဆိုတာကို ရယ်မောကြည်နူးဖွယ် မြင်တွေ့ရမယ့် ကားကောင်းလေးဖြစ်ပါတယ် File size…(2.2 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း