ဇာတ်ကားများ ရွေးရန်

The Closet

2020ဇာတ်ကားအမှတ် 7.2/1098 မိနစ်

The Closet (2020) ဒီတစ်ခေါက်တော့ ဟောင်းပေမဲ့ ကောင်းနေဆဲဖြစ်တဲ့ ကိုရီးယား Horror ရုပ်ရှင်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်... တစ်ချိန်က နာမည်ကျော် ဗိသုကာပညာရှင်တစ်ယောက်ဖြစ်ခဲ့တဲ့ ယွန်းဆန်းဝမ်ဟာ ကားမတော်တဆမှုဖြစ်ကာ မိန်းမဖြစ်သူကို ဆုံးရှုံးလိုက်ရပြီးနောက် Post-trauma လက္ခဏာဖြစ်တဲ့ Panic attack ကိုပါခံစားနေရပြီး ကျန်ခဲ့တဲ့သမီးလေးဖြစ်သူ ယွန်းအီနာကိုလည်း တစ်ကိုယ်တော်မိဘအနေနဲ့ စောင့်ရှောက်နေရပါတယ်... ကလေးကြောင့် အလုပ်ကောင်းကောင်းမလုပ်နိုင်တဲ့ အလုပ်သရဲဖြစ်သူ ယွန်းဆန်းဝမ်က ကလေးကို ကလေးထိန်းနဲ့ပစ်ထားပြီး အလုပ်သွားလုပ်ချင်တဲ့ဆန္ဒက ပြင်းပြနေပေမဲ့ ကလေးထိန်းကိုရှာမရသလို တစ်ဖက်မှာ အလုပ်တွေကလည်းပျက်လာပါတယ်... အဲဒီလိုနဲ့ အီနာလေး လေကောင်းလေသန့်ရဖို့ဆိုပြီး ပြောင်းလာတဲ့အိမ်ကြီးမှာနေရင်း နောက်ဆုံး သူအလုပ်သွားလုပ်ဖို့အတွက် ကလေးထိန်းရှာတွေ့တဲ့နေ့မှာပဲ ပုံမှန်နဲ့မတူ အချိုးတွေပြောင်းလာတဲ့အီနာလေးက အိမ်ထဲမှာနေရင်း ပျောက်ချင်းမလှပျောက်သွားပါတော့တယ်... ကလေးကိုနည်းပေါင်းစုံနဲ့လိုက်ရှာရင်း သူ့ကိုလာရှာတဲ့ ပယောဂဆရာဟောရဲ့ပြောချက်အရ အီနာလေးပျောက်ဆုံးတာဟာ သွေးရိုးသားရိုးမဟုတ်ဘဲ ပရလောကဝိညာဉ်တွေနဲ့ ဆက်စပ်နေတယ်ဆိုတာကို သိလိုက်ရတဲ့အခါ ယွန်းဆန်းဝမ်တစ်ယောက် ဒါကိုယုံကြည်ပါ့မလား... ယုံကြည်ခဲ့ရင်ရော ဘယ်လိုနည်းလမ်းတွေနဲ့ အီနာလေးကို ပြန်ရှာကြမလဲဆိုတာကို ထိတ်လန့်ချောက်ချားဖွယ်ဇာတ်ဝင်ခန်းတွေနဲ့အတူ ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ File Size - 1 GB/ 430 MB Quality - BluRay 1080p/ 720p Duration - 1h 39m Format - mp4 Genre - Horror, Thriller Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း