ဇာတ်ကားများ ရွေးရန်

The Cat

2011ဇာတ်ကားအမှတ် 6.6/10106 မိနစ်

The Cat (2011) ဒီတစ်ခါမှာတော့ Park Min Young, Kim Dong Wookနဲ့ Shin Da Eunတို့ ပါဝင်ထားတဲ့ Horror ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ “ကြောင်တွေက ဘာတွေမြင်နေလဲ… လူတွေမမြင်နိုင်တဲ့ အရာတွေကိုလား?” ဒီဇာတ်ကားလေးကတော့ စိတ်ဖိစီးမှု, အကြောက်တရားနဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို ပေါင်းစပ်ထားတဲ့ Psychological Horror တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း Pet Groomer တစ်ယောက်ဖြစ်တဲ့ So-yeon ဟာ ငယ်ဘဝ စိတ်ဒဏ်ရာကြောင့် ပိတ်လှောင်ကြောက်လွန် စိတ်ရောဂါကို ခံစားနေရသူ ဖြစ်ပါတယ်။ So Yeonတို့ ဆိုင်ကို လာနေကျ အိမ်ရှင်မတစ်ယောက် ရုတ်တရက် သေဆုံးသွားပြီးနောက်မှာ တစ်ကောင်တည်း ကျန်ခဲ့တဲ့ သူ့ရဲ့ ကြောင်လေးကို So Yeonက စောင့်ရှောက်ဖို့ ဖြစ်လာခဲ့ပါတယ်။ အဲဒီလိုကနေ ထူးဆန်းလာခဲ့ပြီး ည၃နာရီအချိန်ဆို သူ မမြင်ချင်တဲ့ အရာတွေကို မြင်လာရပါတော့တယ်။ ကြောင်ရဲ့ မျက်လုံးထဲမှာလည်း တစ်ခုခု လျှို့ဝှက်ထားသလို ခံစားနေရပြန်ပါတယ်။ တဖြည်းဖြည်းချင်းနဲ့ ဒီလို ကြောက်စရာကောင်းတဲ့ အရာတွေက “ကြောင်” နဲ့ပဲ သက်ဆိုင်နေတယ်ဆိုတာကို သိလာတဲ့အခါမှာတော့.... မမျှော်လင့်ထားတဲ့ Plot Twist တွေနဲ့ Horror ကိုမှ အေးအေးလေး ခံစားကြည့်ရှုချင်တဲ့ ပရိသတ်များ အတွက် The Cat (2011) ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်... File Size - 1.3 GB/ 594 MB Quality - WEB-DL 1080p/ 720p Duration - 1h 46m Format - mp4 Genre - Horror, Mystery Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း