ဇာတ်ကားများ ရွေးရန်

The Solitary Gourmet

2025ဇာတ်ကားအမှတ် 7.4/10111 မိနစ်

The Solitary Gourmet (2025) IMDB 7.1/10 "အစားအသောက်ဆိုတာ ဗိုက်ဖြည့်ဖို့သက်သက်မဟုတ်ဘူး... ဝိညာဉ်ကိုပါ ကုစားပေးတဲ့ အနုပညာတစ်ခုပါ" Foodie တွေ၊ Mukbang ကြိုက်တဲ့သူတွေနဲ့ ကိုဂိုရိုကြီးရဲ့ စားသောက်ခန်းတွေကို လွမ်းနေတဲ့ ပရိသတ်ကြီးအတွက် အသစ်စက်စက်ထွက်လာတဲ့ The Solitary Gourmet ရဲ့ ၂၀၂၅ ရုပ်ရှင်ဗားရှင်းကြီး (The Movie) ရောက်ရှိလို့လာပါပြီဗျာ။ Season 9 ခုတောင်ထွက်ထားပြီး ရပ်ကွက်ထဲက ဆိုင်လေးတွေမှာ တစ်ယောက်တည်း အေးအေးလူလူ အရသာခံစားတတ်တဲ့ ခရီးသွားအရောင်းကိုယ်စားလှယ်ကြီး ဂိုရို (ဝါရင့်မင်းသားကြီး Yutaka Matsushige) ကို မှတ်မိကြဦးမှာပါ။ အရင် ဇာတ်လမ်းတွဲတွေတုန်းက ဂျပန်ပြည်တွင်းလောက်ပဲ သွားပြီး စားသောက်ပြနေတဲ့ ဦးလေးကြီးက ဒီတစ်ခါ Movie အနေနဲ့ အဆင့်မြှင့်လိုက်တဲ့အခါမှာတော့ နယ်ကျွံပြီး ကမ္ဘာပတ်တော့မှာပါ။ ဒီရုပ်ရှင်ကားကြီးမှာတော့ ဂိုရိုကြီးတစ်ယောက် ဂျပန်ပြည်တွင်းတင်မကတော့ဘဲ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ နဲ့ တောင်ကိုရီးယားအထိပါ ရောက်ရှိသွားပါတယ်။ အလုပ်ကိစ္စနဲ့ပဲ ခရီးတွေထွက်ရင်း သူ့ရဲ့ ထုံးစံအတိုင်း "ဗိုက်... ဆာလာပြီ" ဆိုတဲ့ အချိန်မှာ ဘာစားရမလဲ ရှာဖွေရတဲ့ ခံစားချက်လေးတွေ၊ နိုင်ငံတကာက ဒေသခံ အစားအသောက်တွေကို မြည်းစမ်းရင်း ဘယ်လိုတွေ သွားရည်ကျအောင် အိုက်တင်တွေနဲ့ လုပ်ပြမလဲဆိုတာ ရှုစားရမှာပါ။ ဘာသာစကားအခက်အခဲတွေ၊ ယဉ်ကျေးမှု မတူညီတာတွေကြားထဲကနေ ဂိုရိုကြီးတစ်ယောက် အစားအသောက်နဲ့ ဘယ်လို ချိတ်ဆက်မလဲ၊ ပြင်သစ် မုန့်ဖုတ်ဆိုင်တွေကနေ ကိုရီးယားလမ်းဘေးစာတွေအထိ ဘယ်လိုတွေ မြိန်ရေယှက်ရေ စားသောက်ပြမလဲဆိုတာကို Slice of Life ပုံစံ အေးအေးချမ်းချမ်းလေးနဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။ ရိုးရိုး Series တွေတုန်းကတောင် ညဘက်ကြည့်ရင် ဗိုက်ဆာလွန်းလို့ ဒုက္ခရောက်ရတဲ့အထဲ အခု ဇာတ်ကားကြီးအနေနဲ့ ပိုမိုက်တဲ့ ရိုက်ချက်တွေ၊ ကမ္ဘာအရပ်ရပ်က အစားအစာတွေနဲ့ဆိုတော့ ပြောစရာမလိုအောင် သွားရည်ကျရမယ့် ဇာတ်ကားကောင်းလေးပါပဲ။ စိတ်အပန်းပြေပြေနဲ့ ဟာသလေးတွေနှောထားတဲ့ Foodie ကားတွေကို ကြိုက်တယ်ဆိုရင်တော့ ဒီကားလေးကတော့ လုံးဝကို must watch ပါပဲ။ File size…1.77GB / 860MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 50 min. Genre ….. Food, Comedy, Life, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း