Strangers in the Park
Strangers in the Park (2026) ++++++++++++ ၂၀၂၆ ခုနှစ်မှာ ထွက်ရှိလာတဲ့ “Strangers in the Park” (မူရင်းအမည်: Parque Lezama) ရုပ်ရှင်ကားလေးက Netflix ကနေ ၂၀၂၆ မတ်လမှာ ဖြန့်ချိလိုက်တဲ့ အာဂျင်တီးနား Comedy-Drama ကားလေးပါ။ နာမည်ကြီး ဒါရိုက်တာ Juan José Campanella က ရိုက်ကူးထားတာဖြစ်ပြီး စင်တင်ပြဇာတ်တစ်ခုကို ပြန်လည်အသက်သွင်းထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Buenos Aires မြို့က ပန်းခြံတစ်ခုထဲက ခုံတန်းလေးတစ်ခုပေါ်မှာ စတင်တာပါ။ León ကတော့ အရမ်းစကားပြောကောင်းပြီး စိတ်ကူးယဉ်တတ်တဲ့ ကွန်မြူနစ်ဟောင်း အဘိုးကြီးတစ်ယောက်ပါ။ ဘဝကို တိုက်ပွဲတစ်ခုလို မြင်နေတုန်းပါပဲ။ Antonio ကတော့ အေးအေးဆေးဆေးနေတတ်ပြီး “ငါနဲ့မဆိုင်ရင် မပါဘူး” ဆိုတဲ့ ဝါဒကို ကိုင်စွဲထားတဲ့ အဘိုးကြီးပါ။ မျက်စိလည်း သိပ်မကောင်းတော့သလို အလုပ်ပြုတ်တော့မယ့် အရေးကိုလည်း စိုးရိမ်နေရသူပါ။ ဒီလို စရိုက်ချင်း လုံးဝမတူတဲ့ လူစိမ်းနှစ်ယောက် ပန်းခြံထဲက ခုံတန်းတစ်ခုမှာ ဆုံမိရာကနေ စတာပါပဲ။ တစ်ယောက်နဲ့တစ်ယောက် အစပိုင်းမှာတော့ ငြင်းခုံကြ၊ ဘဝအမြင်တွေ မတူတာတွေကို အခြေအတင်ဖြစ်ကြပေမယ့် နောက်ပိုင်းမှာတော့ တဖြည်းဖြည်း သံယောဇဉ်ဖြစ်ပြီး ထူးဆန်းတဲ့ သူငယ်ချင်းတွေ ဖြစ်သွားကြတယ်။ ဇာတ်လမ်းထဲမှာ သူတို့နှစ်ယောက်ဟာ ပန်းခြံထဲက လူမိုက်တွေ၊ မိသားစု ပြဿနာတွေနဲ့ လူ့အဖွဲ့အစည်းရဲ့ အသက်ကြီးသူတွေအပေါ် လျစ်လျူရှုမှုတွေကို အတူတူ ရင်ဆိုင်ကျော်ဖြတ်ကြရင်းနဲ့ “အိုမင်းရင့်ရော်ခြင်း”၊ “နောင်တ” နဲ့ “သူငယ်ချင်းအစစ်အမှန်” ဆိုတာ ဘာလဲဆိုတာကို ပရိသတ်ကို ခံစားရစေမှာပါ။ ဇာတ်လမ်းက အက်ရှင်တွေ၊ အလှည့်အပြောင်းကြီးတွေ မပါပေမယ့် လူကြီးနှစ်ယောက်ရဲ့ အပြန်အလှန် စကားပြောခန်းတွေက အရမ်းကို ထက်မြက်ပြီး ရယ်လည်းရယ်ရသလို ရင်ထဲလည်း ထိပါတယ်။ အသက်ကြီးလာတဲ့အခါ လူ့လောကကြီးမှာ အပယ်ခံရသလို ခံစားချက်မျိုးကို သရုပ်ဆောင်နှစ်ယောက်က အရမ်းပီပြင်အောင် သရုပ်ဆောင်ထားပါတယ်။ ကားလေး ကြည့်ပြီးသွားရင် စိတ်ထဲမှာ တစ်မျိုးလေး နွေးထွေးသွားစေမယ့် ကားမျိုးပါ။ ဒီကားက “လူစိမ်းတွေနဲ့ စကားပြောကြည့်တာ တစ်ခါတလေမှာ ကိုယ့်ဘဝအတွက် အကောင်းဆုံး ဆေးတစ်ခွက် ဖြစ်သွားနိုင်တယ်” ဆိုတာကို ပြထားတာပါ။ ဟာသလေးနှောပြီး ဘဝအဓိပ္ပာယ်ကို ရှာဖွေပြထားတဲ့ ကားကောင်းလေးတစ်ကားပေါ့။ File Size… (1.75GB) / (902MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 55m Genre ….Comedy , Drama Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း