ဇာတ်ကားများ ရွေးရန်

Law of Desire

1987ဇာတ်ကားအမှတ် 7.1/10102 မိနစ်

စပိန်ရုပ်ရှင်လောကရဲ့ ဂန္ထဝင်ဒါရိုက်တာ Pedro Almodóvar ရဲ့ အထင်ကရလက်ရာတစ်ခုဖြစ်ပြီး ၁၉၈၇ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဒီဇာတ်ကားဟာ အချစ်၊ စွဲလမ်းမှုနဲ့ အနုပညာကြားက ရှုပ်ထွေးလှတဲ့ ဆက်ဆံရေးတွေကို ရဲရဲဝံ့ဝံ့ ပုံဖော်ထားတဲ့အတွက် ဘာလင်ရုပ်ရှင်ပွဲတော်မှာ Teddy Award ကို ဆွတ်ခူးခဲ့ပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ LGBTQ+ အကြောင်းအရာတွေကို ပွင့်ပွင့်လင်းလင်းနဲ့ အနုပညာမြောက်စွာ တင်ဆက်ခဲ့တဲ့ ရှေ့ဆောင်ရုပ်ရှင်တစ်ခု ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ အောင်မြင်ကျော်ကြားတဲ့ ရုပ်ရှင်ဒါရိုက်တာ Pablo နဲ့ သူ့ရဲ့ အစ်မဖြစ်သူ Tina တို့ကို အဓိကထားပါတယ်။ Pablo ဟာ သူ့ကို သိပ်မချစ်တဲ့ လူငယ်လေးတစ်ယောက်ကို စွဲလမ်းနေသူဖြစ်ပြီး၊ Tina ကတော့ သူမရဲ့ အတိတ်က လျှို့ဝှက်ချက်တွေနဲ့အတူ ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းနေရသူပါ။တစ်နေ့မှာတော့ Pablo ရဲ့ ဘဝထဲကို Antonio ဆိုတဲ့ လူငယ်လေးတစ်ယောက် ရောက်လာပါတယ်။ Antonio ဟာ Pablo ကို အရူးအမူး စွဲလမ်းသွားပြီးနောက်မှာတော့ အဲဒီစွဲလမ်းမှုဟာ သာမန်အချစ်ထက် ကျော်လွန်သွားပြီး ကြောက်စရာကောင်းတဲ့ မနာလိုမှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ လူသတ်မှုတွေအထိ ဖြစ်ပေါ်လာပါတော့တယ်။ အချစ်ကြီးရင် အမျက်ကြီးတတ်တယ်ဆိုတဲ့အတိုင်းဘေးနားက လူတွေပါ ဒီအရှုပ်တွေထဲမှာ ဘယ်လိုမျိုး ပါဝင်ပတ်သက်သွားမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့်ဇာတ်ကားကောင်းပါ File size…(2.2 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း