Antiviral
Antiviral ထဲက လူတွေဟာ ကိုယ်နှစ်သက်တဲ့ နာမည်ကြီးတွေရဲ့ ဝတ်စားနေထိုင်ပုံကို လိုက်တုပရုံနဲ့ မကျေနပ်ကြတော့ပါဘူး။ အဲဒီသူတွေ ခံစားနေရတဲ့ ရောဂါကိုပါ ကိုယ်တိုင်ခံစားချင်လို့ ရောဂါပိုးတွေကို ဝယ်ယူကြပါတယ်။ နာမည်ကြီးတွေဘက်ကလည်း ရောဂါဖြစ်လာတိုင်း သူတို့ဆီက ဗိုင်းရပ်စ်ပိုးကို ပြန်ရောင်းကြတယ်။ ဥပမာ ကိုယ်စွဲလမ်းတဲ့သူရဲ့ နှုတ်ခမ်းမှာဖြစ်နေတဲ့ ရေယုန်မျိုးကို လိုချင်ရင် ဆေးခန်းမှာ အဲဒီဗိုင်းရပ်စ်ထိုးဆေးကို ဝယ်နိုင်ပါတယ်။ လူးကပ်စ်ဆေးခန်းက ဒီလိုရောဂါပိုးတွေကို ထိုးဆေးအဖြစ် ရောင်းချပေးနေတဲ့နေရာပါ။ အဲဒီမှာ အလုပ်လုပ်တဲ့ ဆစ်မတ်ကတော့ ဆေးခန်းက ဗိုင်းရပ်စ်နမူနာတွေကို ခိုးယူပြီး မှောင်ခိုဈေးကွက်မှာ ပြန်ရောင်းသလို ကိုယ်တိုင်လည်း ခိုးသုံးနေသူ ဖြစ်ပါတယ်။ တစ်ခါမှာတော့ ရောဂါပိုးဝယ်လိုအား အများဆုံးရထားတဲ့ နာမည်ကြီး ဟားနားဂရိုက်စ်ဆီက ဗိုင်းရပ်စ်ထိုးဆေးကို သူခိုးသုံးလိုက်တယ်။ အဲဒီနောက် ဟားနားက အမည်မဖော်နိုင်တဲ့ ရောဂါတစ်ခုနဲ့ သေဆုံးသွားပါတယ်။ ဟားနားနဲ့ နောက်ဆုံးထိတွေ့ခဲ့တဲ့ ဆစ်မတ်လည်း သူခံစားခဲ့ရတဲ့ ဝေဒနာတွေကို စတင်ခံစားလာရပြီး ဟားနားရဲ့ပရိသတ်တွေနဲ့ ဖောက်သည်တွေရဲ့ မျက်စိကျစရာ ဖြစ်လာတော့တယ်။ ဆစ်မတ်ဟာ ဒီအဖြစ်တွေကို အဖြေရှာရင်း ကိုယ့်အသက်ကိုယ် ဆက်ရှင်နိုင်ဖို့ ကြိုးစားရပါတယ်။ စိတ်မသက်မသာဖြစ်စရာနဲ့ ရွံရှာစရာမြင်ကွင်းတွေ ပါဝင်တဲ့ သိပ္ပံစိတ်ကူးယဉ် ထိတ်လန့်ကားပါ။
ဇာတ်လမ်းအကြောင်း