ဇာတ်ကားများ ရွေးရန်

Amsterdamned

1988ဇာတ်ကားအမှတ် 6.3/10114 မိနစ်

Amsterdamned (1988) IMDb Rating (6.6) / Rotten Tomatoes (55%) ဒီတစ်ခါတော့ ၈၀ ပြည့်လွန်နှစ်တွေက ထွက်ခဲ့တဲ့ နာမည်ကြီး ဒတ်ချ် (Dutch) Slasher နဲ့ စုံထောက်ကားလေးတစ်ကားဖြစ်တဲ့ Amsterdamned (၁၉၈၈) ကိုတင်ပေးထားပါတယ်။ ဒီကားက သာမန်လူ-တ်သမားကားတွေနဲ့မတူဘဲ အိုင်ဒီယာ တော်တော်လေး ဆန်းပါတယ်။ ဇာတ်လမ်းအကျဉ်း နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့ရဲ့ ရေမြောင်းတွေ (canals) ထဲမှာ ကြောက်စရာကောင်းတဲ့ ကွင်းဆက်လူ-တ်သမားတစ်ယောက် ပေါ်လာတယ်။ သူက သာမန်လူသတ်သမားမဟုတ်ဘူး၊ Scuba diving (ရေငုပ်) ဝတ်စုံကြီးဝတ်ပြီး ရေအောက်ကနေ သွားလာလှုပ်ရှားနေတာ။ ရေငုပ်ဝတ်စုံအမည်းကြီးနဲ့ဆိုတော့ ဘယ်သူဘယ်ဝါမှန်း မသိရသလို၊ ရေထဲကနေ ရုတ်တရက်ထွက်လာပြီး ကြုံရာလူကို -တ်၊ ပြီးရင် ရေထဲပြန်ငုပ်ပြီး လွတ်မြောက်သွားတာမျိုးပေါ့။ ဒီအမှုကြီးကို ဖြေရှင်းဖို့ စုံထောက်ကြီး အဲရစ်ခ် ဗစ်ဆာ (Eric Visser) ကို တာဝန်ပေးလိုက်တယ်။ အဲရစ်ခ်က ဆယ်ကျော်သက် သမီးလေးတစ်ယောက်ကို အဖေတစ်ကိုယ်တော် ပြုစုပျိုးထောင်နေရတဲ့ ခပ်ကြမ်းကြမ်း စုံထောက်တစ်ယောက်ပေါ့။ သူက ဒီရေအောက်ကနေ လှုပ်ရှားနေတဲ့ လူသတ်ကောင်ကို ဖမ်းဖို့ ကြိုးစားရင်း လော်ရာ (Laura) ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ ဆုံမိပြီး သံယောဇဉ်ဖြစ်သွားတယ်။ ပြဿနာက လော်ရာ့ရဲ့ မိတ်ဆွေ စိတ်ပညာရှင် မာတင်ကလည်း ရေငုပ်သမားဟောင်းတစ်ယောက် ဖြစ်နေပြန်တော့ သံသယဝင်စရာတွေ ပိုများလာတာပေါ့။ စုံထောက်ကြီး အဲရစ်ခ်တစ်ယောက် ဒီရေအောက်က လူ-တ်သမားကို ဘယ်လိုဖမ်းမလဲ၊ လူ-တ်သမားကရော တကယ်ပဲ ဘယ်သူဖြစ်နေမလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရမယ့် ကားလေးပါ။ ရေအောက်ကနေ လာသတ်တဲ့ ကွင်းဆက်လူ-တ်သမားဆိုတော့ ဇာတ်လမ်းက ကြည့်ရတာ Jaws ကားကို စုံထောက်ကားပုံစံ ရိုက်ထားသလို ခံစားရမှာပါ။ အထူးသဖြင့် အမ်စတာဒမ်မြို့ရဲ့ ရေမြောင်းတွေထဲမှာ စပိဘုတ် (speedboat) တွေနဲ့ အကြိတ်အနယ် လိုက်ဖမ်းတဲ့ အခန်းဆိုရင် အခုချိန်ထိ ကြည့်ကောင်းတုန်းပါပဲ။ CGI တွေ မပေါ်ခင်က ရိုက်ထားတာဆိုတော့ ပိုပြီး သဘာဝကျပါတယ်။ Slasher ကားတွေရဲ့ ထုံးစံအတိုင်း သွေးထွက်သံယို အခန်းတွေ ပါပေမယ့် အချစ်၊ ဟာသ နဲ့ စုံထောက်ကား အငွေ့အသက်တွေပါ ရောစပ်ထားလို့ အစအဆုံး ပျင်းစရာမရှိဘဲ ဆွဲခေါ်သွားမယ့် ကားမျိုးပါ။ အခု ၂၀၂၅ မှာလည်း နောက်ဆက်တွဲ ဒုတိယရုပ်ရှင်ထွက်နေပါပြီ။ File size… (4.5 GB) / (2.1 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Action,Horror,Thriller Duration…. 01:53:34 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း