ဇာတ်ကားများ ရွေးရန်

Girl at the Window

2022ဇာတ်ကားအမှတ် 6.3/1084 မိနစ်

အေမီက လူသတ်သမားတွေနဲ့ သွေးသံရဲရဲ သတ်ဖြတ်မှုတွေအကြောင်း ပုံပြင်၊ ဝတ္ထု၊ ရုပ်ရှင်တွေကို စိတ်ဝင်စားတဲ့ ဆယ်ကျော်သက်တစ်ယောက်ပါ။ အဲဒီအကြောင်းတွေကို ကြည့်ရဖတ်ရရုံနဲ့ မကျေနပ်ဘဲ ကိုယ်တိုင်စုံစမ်းပြီး လူသတ်သမားကို ရှာဖွေနိုင်တဲ့ စုံထောက်တစ်ယောက်လို ဖြစ်ချင်နေတယ်။ ဒါကြောင့် အိမ်ပြတင်းပေါက်ကနေ မှန်ဘီလူးတစ်လက်နဲ့ ပတ်ဝန်းကျင်ကို လိုက်ကြည့်စပ်စုနေတတ်ပါတယ်။ သူရောက်နေတဲ့ မြို့လေးမှာ Clockwork Killer လို့ ခေါ်တဲ့ ကွင်းဆက်လူသတ်သမားအကြောင်း တစ်ချိန်က ဟိုးလေးတကျော် ဖြစ်ခဲ့ဖူးတယ်။ အခုတော့ လူသတ်မှုတွေ ငြိမ်သက်နေပေမယ့် အေမီက ဒီလူသတ်သမားဟာ တစ်နေ့ ပြန်ပေါ်လာမယ်လို့ အမြဲတွေးနေပါတယ်။ တစ်ရက်မှာ သူထင်ထားသလို Clockwork Killer ပြန်ပေါ်လာတဲ့အခါ အေမီတစ်ယောက် ဒီအမှုကို ဘယ်လိုရင်ဆိုင်မလဲ၊ လူသတ်သမားနဲ့ ဘယ်လို ထိပ်တိုက်တွေ့ရမလဲဆိုတဲ့ မေးခွန်းတွေ ဖြစ်လာတယ်။ Clockwork Killer ဆိုတာ ဘယ်သူလဲ၊ ဒီအမှုမှာ ဘယ်လိုဖုံးကွယ်ထားတဲ့ အကြောင်းတွေ ရှိနေမလဲ။

ဇာတ်လမ်းအကြောင်း