The Great Dictator
The Great Dictator မှာ ချာလီချက်ပလင်က စစ်မှုထမ်းဟောင်း သာမန်ဆံသဆရာတစ်ယောက်အဖြစ်လည်းကောင်း၊ ကမ္ဘာကို လက်ဝါးကြီးအုပ်ချင်တဲ့ စစ်အာဏာရှင် ဟင်ကယ်အဖြစ်လည်းကောင်း နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားပါတယ်။ သူကိုယ်တိုင် ရိုက်ကူးထုတ်လုပ်ထားတဲ့ စကားပြောရုပ်ရှင်ဖြစ်ပြီး ဟစ်တလာ၊ နာဇီနဲ့ ဖက်ဆစ်စနစ်တို့ကို သရော်ကာ ဂျူးမုန်းတီးရေးဝါဒကို ရှုတ်ချထားတာပါ။ အာဏာရှင်လက်အောက်မှာ နေထိုင်ရတဲ့ နိုင်ငံသားတွေဟာ ပြောပိုင်ခွင့်၊ လုပ်ပိုင်ခွင့်မရှိဘဲ ကျီးလန့်စာစား နေကြရတယ်။ အမိန့်အတိုင်းသာ လုပ်တတ်အောင် ပုံသွင်းခံထားရတဲ့ စစ်သားတွေက ရပ်ကွက်တွေထဲမှာ နိုင်ထက်စီးနင်း ပြုမူကြသလို အာဏာရှင်တွေကလည်း တခြားသူတွေ ဘာဖြစ်ဖြစ် ကိုယ့်အကျိုးကိုသာ ကြည့်ကြပါတယ်။ ဒီလို အုပ်ချုပ်မှုအောက်က ဘဝတွေကို ဟာသနဲ့ ရောစပ်တင်ပြထားပြီး ပုံမှန်ရယ်ရွှင်စရာဟန်ကနေ ကွဲထွက်သွားတဲ့ ချာလီရဲ့ ငါးမိနစ်ခန့် မိန့်ခွန်းလည်း ပါဝင်ပါတယ်။
ဇာတ်လမ်းအကြောင်း