ဇာတ်ကားများ ရွေးရန်

Close Ur Kopitiam

2025ဇာတ်ကားအမှတ် 3.5/10105 မိနစ်

မလေးရှားနိုင်ငံရဲ့ ရိုးရာစားသောက်ဆိုင်ယဉ်ကျေးမှု (Kopitiam) ကို အခြေခံပြီး ရိုက်ကူးထားတဲ့ Family Drama / Comedy ကားလေးပါ။ မိသားစုအမွေအနှစ်ကို ထိန်းသိမ်းဖို့ ကြိုးစားရင်းနဲ့ ခေတ်သစ်လောကရဲ့ စိန်ခေါ်မှုတွေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို ရိုက်ပြထားပါတယ်။ဒီဘက်ခေတ်မှာ လူမှုကွန်ရက် (Social Media) ရဲ့ အင်အားကစီးပွားရေးတစ်ခုကို ဘယ်လိုတောင် ဖျက်ဆီးနိုင်သလဲဆိုတာကို လက်တွေ့ကျကျ မြင်ရမှာပါ။ Ah Biao ဟာ သူ့အဖိုးနဲ့ အဖေတို့ လက်ထက်ကတည်းက နာမည်ကြီးခဲ့တဲ့ Kopitiam (ရိုးရာကော်ဖီဆိုင်) လေးကို ဇနီးဖြစ်သူ Yuriko နဲ့အတူ ဆက်ခံပြီး ဖွင့်လှစ်နေသူပါ။ ဒါပေမဲ့ ပြဿနာက Ah Biao က ဆိုင်စီမံခန့်ခွဲမှုမှာ တော်တော်လေး ညံ့ဖျင်းသလို၊ သူလုပ်တဲ့ ဈေးကွက်မြှင့်တင်ရေး အစီအစဉ်တွေကလည်း ထူးထူးဆန်းဆန်းတွေ ဖြစ်နေတာပါပဲ။ ဒီလိုနဲ့ ဆိုင်က အခြေအနေ မဟန်ဖြစ်နေတုန်းမှာ... နာမည်ကြီး Influencer တစ်ယောက်နဲ့ အကြီးအကျယ် ပြဿနာတက်ပြီး Social Media ပေါ်မှာ ဝိုင်းပြီး BC တာကို ခံလိုက်ရပါတယ်။ ဆိုင်ရဲ့ နာမည်ပျက်သွားပြီး အကြွေးရှင်တွေကလည်း ဆိုင်ကို သိမ်းဖို့ လာလုပ်ကြတဲ့အခါမှာတော့... Ah Biao တို့ ဇနီးမောင်နှံဟာ သူတို့ရဲ့ မိသားစုအမွေအနှစ် ဆိုင်လေးကို ကယ်တင်နိုင်ဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ ရုန်းကန်ရပါတော့တယ်။

ဇာတ်လမ်းအကြောင်း