The Wanderers
ဂယောင်းမိုဟာ ဂျယ်ဂျူကျွန်းကို ပြောင်းသွားတဲ့ သူ့စီနီယာနဲ့ တွေ့ဖို့ ကျွန်းကို သွားလည်ပါတယ်။ စီနီယာနေတဲ့ရွာကို ရောက်တော့ ရွာသားတွေက တစ်ယောက်တစ်မျိုး ထူးခြားနေကြပြီး တစ်ရွာလုံး လူထူးလူဆန်းတွေ စုနေသလိုပါပဲ။ အဲဒီလူတွေကြားမှာ ဂယောင်းမို မျက်စိကျသွားသူက နာထာဆိုတဲ့ မိန်းကလေးပါ။ နာထာကို စိတ်ဝင်စားမိတာက သူ့ရည်းစားဟောင်းနဲ့ ဆင်တူနေလို့တဲ့။ ဒါပေမယ့် ဂယောင်းမို မှတ်မိနေတဲ့အရာက ရည်းစားဟောင်းရဲ့ အပြာရောင်ဂါဝန်ပဲဖြစ်ပြီး မျက်နှာနဲ့ တခြားအချက်တွေကိုတော့ မမှတ်မိတော့ပါဘူး။ ဒီရွာက လူတွေနဲ့အတူ သူဘယ်လိုအထူးအဆန်းတွေ ကြုံရမလဲ၊ နာထာနဲ့ရော ဘယ်လိုအကြောင်းတွေ ဆက်ဖြစ်လာမလဲဆိုတာကို ပြထားတဲ့ ၂၀၂၃ ခုနှစ်ထွက် ဟာသကားပါ။
ဇာတ်လမ်းအကြောင်း