ဇာတ်ကားများ ရွေးရန်

Dead by Dawn

2025ဇာတ်ကားအမှတ် 5.8/1088 မိနစ်

Dead by Dawn (2025) IMDb Rating (5.3) လူငယ်သရုပ်ဆောင်တစ်စုဟာ ဆယ်စုနှစ်ပေါင်းများစွာ လူမြင်ကွင်းက ပျောက်ကွယ်နေတဲ့ နာမည်ကြီးပြဇာတ်ရေးဆရာကြီး Heissenhoff ရဲ့ပြဇာတ်သစ်မှာ သရုပ်ဆောင်ဖို့ဖိတ်ခေါ်ခံရပါတယ်။ သူတို့ဟာ လူသူမနီးတဲ့နေရာမှာ အထီးတည်းရှိနေတဲ့ ပြဇာတ်ရုံအဟောင်းကြီးကို သွားရောက်ကြပြီး ပြဇာတ်တိုက်ဖို့လုပ်ကြတဲ့အချိန်မှာ ပြဇာတ်ရုံကြီးမှာရှိတဲ့ထူးဆန်းတဲ့ အနုပညာလက်ရာတွေ၊ သင်္ကေတတွေ အဲ့ဒီပြဇာတ်ရုံကြီးရဲ့ ထိတ်လန့်စရာ အတိတ်တွေကို တစ်စ တစ်စသိလာရပြီး အစီအရင်တစ်ခုရဲ့သားကောင် ယဇ်ကောင်တွေအဖြစ် ပစ်မှတ်ထားတိုက်ခိုက်ခံကြရပါတော့တယ်။ ရှားရှားပါးပါး Poland slasher/horror ကားတစ်ကားဖြစ်ပြီး Mainstream ဇာတ်ကားတွေကနေကွဲထွက်နေတဲ့ indie ဆန်ဆန် ဇာတ်ကြောင်းပြောပုံ၊ ရိုက်ချက်၊ ဟော်ရာကားမဆန်တဲ့ ဒဿနတစ်ချို့နဲ့နိမိတ်ပုံတွေကိုပါ တွေ့မြင်ရမှာဖြစ်သလို လူသတ်သမားရဲ့ မျက်နှာဖုံးကလည်း အတော်မသတီစရာကောင်းပါတယ်။ သတ်ခန်းဖြတ်ခန်းတွေလည်းကြမ်းတမ်းတဲ့အတွက် ဟော်ရာပရိသတ်တွေမြည်းစမ်းသင့်တဲ့ကားတစ်ကားပါပဲ။ File size… (1.8 GB) / (870 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror,Mystery Duration…. 01:28:03 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း