ဇာတ်ကားများ ရွေးရန်

Seems Like Old Times

1980ဇာတ်ကားအမှတ် 6.3/10102 မိနစ်

"ဒီကားကတော့ အချစ်ဟောင်းနဲ့ အချစ်သစ်ကြားမှာ ဗျာများနေရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အခြေအနေကို ပေါ့ပေါ့ပါးပါးနဲ့ ဟာသနှောပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။" ဇာတ်လမ်းအကျဉ်း စာရေးဆရာ နီကိုးလတ်စ် ဂါဇန်းနီးယား ဟာ လူဆိုးနှစ်ယောက်ရဲ့ အကြပ်ကိုင်မှုကြောင့် ဘဏ်ဓားပြမှုမှာ မတော်တဆ ပါဝင်ပတ်သက်သွားခဲ့ပါတယ်။ ရဲတွေလိုက်နေတဲ့အတွက် ထွက်ပြေးစရာနေရာမရှိတော့တဲ့ဆုံး သူဟာ ဇနီးဟောင်းဖြစ်သူ ရှေ့နေမလေး ဂလင်း ရဲ့ အိမ်မှာ ခိုးအောင်းဖို့ ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ ပြဿနာက ဂလင်း မှာ ခရိုင်အစိုးရရှေ့နေဖြစ်ဖို့ ကြိုးစားနေတဲ့ ခင်ပွန်းအသစ် အိုင်ရာ ရှိနေတာပါပဲ။ ဥပဒေဘောင်အတွင်းမှာ နေရတဲ့ အိုင်ရာဟာ မျက်စိအောက်မှာတင် နီကိုးလတ်စ် ကို လျှို့ဝှက်ဖုံးကွယ်ထားခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာ သူတို့ရဲ့သုံးပွင့်ဆိုင် ဇာတ်လမ်းက ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာကို စောင့်ကြည့်ရင်း သူတို့ရဲ့ ရှုပ်ထွေးပွေလီလှတဲ့ အလွဲအချော်တွေ နဲ့ရယ်မောစရာ အဖြစ်အပျက်တွေကို တဝကြီး ကြည့်ရှုရမှာဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း