ဇာတ်ကားများ ရွေးရန်

In the Mouth of Madness

1995ဇာတ်ကားအမှတ် 7.2/1095 မိနစ်

In the Mouth of Madness (1994) IMDb Rating (7.1) / Rotten Tomatoes (58%) ဂျွန်ထရန့်ဟာ အာမခံစုံစမ်းစစ်ဆေးရေးမှူးတစ်ယောက်ဖြစ်ပြီး လူတစ်ယောက် မရိုးသားတာ၊ တစ်ခုခုကိုဖုံးကွယ်ထားတာတွေကို မြင်ရုံနဲ့တန်းသိနိုင်တာကြောင့် နာမည်ကြီးပါတယ်။ တစ်နေ့တော့ နာမည်ကျော် ဟော်ရာစာရေးဆရာတစ်ယောက်ဖြစ်တဲ့ Sutter Cane ဟာ အသစ်ထွက်မယ့်စာအုပ်လက်ရေးမူနဲ့အတူပျောက်ဆုံးသွားတဲ့အခါသူ့ကိုလိုက်ရှာဖို့ ထရန့်ဆီအလုပ်လာအပ်ပါတယ်။ Sutter Cane ရဲ့စာအုပ်တွေဟာ စိတ်မခိုင်တဲ့စာဖတ်သူတွေအပေါ်ရူးသွပ်သွားစေနိုင်တဲ့အထိသက်ရောက်မှုရှိကြောင်း နာမည်ကြီးနေပြီး ဘာကိုမှအယုံအကြည်မရှိတဲ့ ထရန့်ကတော့ခပ်ပေါ့ပေါပဲသဘောထားခဲ့ပါတယ်။ ဒါပေမယ့်လည်း Sutter Cane ကိုခြေရာခံရင်း သူကိုယ်တိုင် Sutter Cane ရဲ့၀တ္ထုတွေထဲက မြို့တစ်မြို့ကိုရောက်သွားတဲ့အချိန်မှာတော့ ဒါတွေဟာ တကယ်မဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကိုအတန်တန်ပြောရင်း သူကိုယ်တိုင်ပါ စိတ်ကူးယဉ်နဲ့လက်တွေ့ဘ၀ကို ခွဲခြားရခက်လာတဲ့အထိ ခြောက်ခြားစရာဖြစ်ရပ်တွေကို ရင်ဆိုင်ရပါတော့တယ်။ နာမည်ကျော် ဟော်ရာဆရာကြီး John Carpenter ရဲ့လက်ရာဖြစ်ပြီး Apocalypse Trilogy သုံးကားတွဲထဲကနောက်ဆုံးဇာတ်ကားဖြစ်ပါတယ်။ အဲ့ဒီခေတ်အခါအနေနဲ့လက်ရာဆန်းသစ်လွန်းတာကြောင့် ရုံတင်စဉ်က လူကြိုက်နည်းခဲ့ပေမယ့်ဗီဒီယိုအဖြစ်ဖြန့်ချိချိန်မှာ အရောင်းရဆုံးစာရင်းဝင်ခဲ့ပြီး ပရိသတ်အခိုင်အမာရခဲ့တဲ့ကားပါ။ ဇာတ်ကားထဲမှာ သုံးသွားတဲ့ ပြကွက်တွေအယူအဆတွေဟာ နောက်ပိုင်း ဟော်ရာ ဂိမ်းတွေ၊ ရုပ်ရှင်တွေမှာ ပြန်အတုခိုးကြတဲ့အထိ ဩဇာလွှမ်းမိုးမှုရှိခဲ့ပါတယ်။ File size… (1.7 GB) / (830 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror,Mystery Duration…. 01:35:41 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း