ဇာတ်ကားများ ရွေးရန်

40 Hari Bangkitnya Pocong

2008ဇာတ်ကားအမှတ် 8.0/1090 မိနစ်

40 Hari Bangkitnya Pocong (2008) IMDb Rating (5.0) ဂျက်ဆီ ဆိုတဲ့ကောင်မလေးဟာ ကွန်ပျူတာပညာရှင်အဖြစ်အလုပ်လုပ်သူဖြစ်ပြီး လတ်တလောမှာထူးဆန်းတဲ့အဖြစ်အပျက်တွေကြုံနေရသူဖြစ်ပါတယ်။ အဲ့ဒါကတော့ အဖြူရောင်အလောင်းပတ်ပိတ်စနဲ့ပတ်ထားတဲ့ Pocong သရဲတစ်ကောင်ကိုမကြာခဏတွေ့နေရတာပါ။ တစ်နေ့တော့ သူ ကွန်ပျူတာပြင်ဖို့သွားတဲ့အိမ်ကကယ်ဗင်ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ရင်းနှီးကျွမ်းဝင်လာခဲ့ပါတယ်။ ကယ်ဗင်က ဖော်ရွေပေမယ့် သူတို့အိမ်မှာရှိတဲ့ ကယ်ဗင့်အဒေါ်ဟာ သူ့ကိုအသားလွတ်မျက်မုန်းကျိုးနေပါတယ်။ အဲ့ဒါအပြင် Pocong သရဲရဲ့ခြောက်လှန့်မှုတွေကလည်း လျော့ပါးမသွားပဲ ပိုမိုဆိုးရွားလာပြီး သူ့ရည်းစားဟောင်းဖြစ်သူ နီနိုကပါသူ့နောက်ကိုတစ်ကောက်ကောက်လိုက်ပြီး ပြင်းပြင်းထန်ထန်နှောင့်ယှက်လာပါတော့တယ်။ တကယ်တမ်းတော့အဲ့ဒီအဖြစ်အပျက်တွေအားလုံးဟာ ဆက်စပ်နေပြီး Pocong သရဲရဲ့စေစားချက်တွေဆိုတာ သူတို့သိလာရချိန်မှာတော့..။ Pocong ဇာတ်ကားတွဲတွေနဲ့နာမည်ကြီးတဲ့ Rudy Soedjarwo ရဲ့လက်ရာဖြစ်ပြီး သူ့အရှိန်အဝါ၊နာမည်ကျော်လူငယ်ကြယ်ပွင့်တွေခေါင်းဆောင်ပါဝင်ထားတဲ့အချက်တွေကြောင့် ဝင်ငွေပိုင်းမှာအတော်လေးအောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်‌ပြီး ပရိသတ်တွေလည်းအကြိုက်တွေ့ခဲ့ကြပါတယ်။ File size… (1.8 GB) / (980 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror Duration…. 01:29:26 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း