More Than Family
More Than Family (2020) ဒီတစ်ခေါက် မိတ်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ အိမ်ထောင်ရေးဟာသဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ Castတွေအနေနဲ့ကတော့ အခုလက်ရှိပြသနေတဲ့ Mad Concrete Dreams ထဲက မင်းသမီး Krystal Jungက အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဝါရင့်သရုပ်ဆောင်များစွာလည်းအားဖြည့်ထားပါတယ်။ ဇာတ်လမ်းအညွှန်း ထိုအီဟာ အသက် ၂၁နှစ်အရွယ် တက္ကသိုလ်ကျောင်းသူတစ်ယောက်ပါ၊ သူမ အသက်၅နှစ်အရွယ်မှာ မိခင်က နောက်အိမ်ထောင်ပြုခဲ့ပြီး ဇာတိမြို့ဖြစ်တဲ့ ဒယ်ဂူကနေ ဆိုးလ်ကို ပြောင်းလာခဲ့ကြတာပါ၊ ပထွေးဖြစ်သူကလည်း ဖခင်ရင်းနဲ့မခြား ထိုအီအပေါ်ကောင်းတဲ့သူတစ်ယောက်ဖြစ်ခဲ့ပါတယ်၊ တစ်နေ့မှာ ထိုအီက ပြဿနာကြီးတစ်ခုကို ကျူးလွန်မိခဲ့ပါတော့တယ်၊ အဲဒါကတော့ သူမ ဂိုက်လုပ်ပေးနေတဲ့ကျူရှင်အိမ်က အသက် ၁၉နှစ်အရွယ် ကျောင်းသားဂျန်ဟိုဟွန်းနဲ့ ချစ်ကြိုက်မိခဲ့တာပါပဲ၊ ပြဿနာကတော့ ချစ်ကြိုက်ရုံမက စည်းကျော်တဲ့အထိဖြစ်ခဲ့ပြီး ကိုယ်ဝန်ရတဲ့အထိဖြစ်ခဲ့တာပါ၊ ပထမပိုင်းမှာ မိဘတွေကိုဖုံးကွယ်ထားခဲ့ပြီး ကိုယ်ဝန်၅လရမှ ဖွင့်ပြောတဲ့အခါ ပထွေးဖြစ်သူနဲ့မိခင်က မကျေမနပ်ဖြစ်ပြီး စကားများကြပါတော့တယ်၊ ထိုအီက သူမရဲ့အနာဂတ်အစီအစဥ်ကို ပြောပြပေမဲ့ မိဘတွေက လက်မခံတာကြောင့် သူမရဲ့အဖေရင်းကို မွေးရပ်ဇာတိဒယ်ဂူမှာ သွားရှာဖို့ဆုံးဖြတ်လိုက်တဲ့ အချိန်မှာတော့.... ထီထိုးသလို ခန့်မှန်းလို့မရတဲ့ အိမ်ထောင်ရေးကံကြမ္မာအကြောင်းနဲ့ တစ်ဦးနဲ့တစ်ဦးကြားက နားလည်မှုဆိုတဲ့ အရာလေးတွေကို ဟာသလေးနှောပြီး ရိုက်ကူးတင်ဆက်ထားတာမို့လို့ ကြည့်သင့်တဲ့ဇာတ်ကားလေးဖြစ်ကြောင်းတိုက်တွန်းလိုက်ရပါတယ်။ File Size - 1.6 GB/ 650 MB Quality - WEB-DL 1080p/ 720p Duration - 1h 48m Format - mp4 Genre - Comedy, Drama Subtitle - Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း