One Piece "3D2Y": Overcome Ace's Death! Luffy's Vow to his Friends
One Piece: 3D2Y - Overcome Ace's Death! Luffy's Vow to His Friends (2014) IMDB - 7.5/10, MyAnimeList - 7.8/10 ဒီ TV Special Movie လေးကတော့ Marineford Arc အပြီး Ace သေဆုံးပြီးတဲ့နောက် Luffy တစ်ယောက်ကို Rayleigh လေ့ကျင့်ပေးနေတဲ့ကာလမှာ ဖြစ်သွားတဲ့ အဖြစ်အပျက်လေးကို Non-cannon အနေနဲ့ တင်ဆက်ထားတာပါ။ ပင်မဇာတ်လမ်းနဲ့ မသက်ဆိုင်လို့ မကောင်းဘူးလို့တော့ မထင်လိုက်ပါနဲ့ ဇာတ်လမ်းတလျှောက်လုံး Luffy နဲ့ ပင်လယ်ဓားပြဧကရီဖြစ်တဲ့ Boa Hancock တို့ အဓိက ဇာတ်လိုက်ဖြစ်နေတာကြောင့် Hancock က Luffy ကို ကြူးလိုက် နှစ်ယောက်သား ချလိုက်နဲ့ ကြည့်ရင်း ပြုံးပျော်နေရမှာတော့ အမှန်ပါပဲ။ ဇာတ်လမ်းလေးကတော့ Luffy တစ်ကောင် ကျွန်းပေါ်မှာ Haki လေ့ကျင့်နေတုန်း သူ့အချစ်တော် Boa Hancock က ဘဲလေးကိုချစ်စိတ်နဲ့ သူ့ Luffy လေး အစားကောင်းစားရပါ့မလား ဘာလားနဲ့ စိတ်ပူပြီး သူ့ ညီမတွေကို စားကောင်းသောက်ဖွယ်တွေ သွားပို့ခိုင်းပါတယ်။ အဲဒီမှာ Blackbeard လက်ချက်နဲ့ Impel Down Level 6 ကနေ နှစ် ၃၀ ကြာမှ လွတ်မြောက်လာတဲ့ ပင်လယ်ဓားပြ အကြမ်းစား Byrnndi World ဆိုတဲ့ ဘဲကြီးက Hancock ကို ဖမ်းချင်တာနဲ့ Luffy ကိုပါ အမှောက်သိပ်ပြီး Hancock ညီမတွေကိုပါ ဓားစာခံအဖြစ် ဖမ်းခေါ်သွားပါတယ်။ အဲဒီမှာ Boa Hancock က သူ့ ညီမတွေကို ပြန်လိုက်ကယ်မယ်ဆိုပြီး အချစ်တော် Luffy နဲ့အတူတူ ဘယ်လိုမျိုးတွေ ပြန်လိုက်ကယ်ကြမလဲ၊ ရေတပ်ကရော ဘယ်လိုမျိုး ဝင်ပါနေမလဲ၊ တခြား ဇာတ်ကောင်တွေလည်း ဘယ်လိုမျိုးတွေ ဝင်ပါလာမလဲ၊ World Pirate တွေရဲ့ နောက်ကြောင်းဇာတ်လမ်းကရော ဘယ်လိုတွေလဲ စသဖြင့် ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်ဗျာ...။
ဇာတ်လမ်းအကြောင်း