ဇာတ်ကားများ ရွေးရန်

The Cub Tiger from Kwang Tung (aka) Snake Fist Fighter

1973ဇာတ်ကားအမှတ် 5.2/1080 မိနစ်

The Cub Tiger from Kwang Tung (1973) IMDb Rating (5.1) ဒီဇာတ်ကားကတော့ တရုတ်ကွန်ဖူးသိုင်းနဲ့ ပတ်သက်ပြီး ရိုက်ကူးထားတဲ့ ရှေးဟောင်းဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း လုန် ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ ကွန်ဖူးသိုင်းပညာကို အင်မတန် စိတ်ဝင်စားတဲ့သူတစ်ယောက်ပါ။ သူဟာ သင်တန်းကျောင်းတစ်ခုကနေ ကွန်ဖူးသိုင်းတွေ လေ့ကျင့်နေတဲ့အချိန်တိုင်း သွားခိုးကြည့်တတ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ခိုးကြည့်တာမိသွားပြီး သိုင်းပညာကို စိတ်ဝင်စားနေတဲ့အတွက် အဲဒီဆရာဆီမှာ တပည့်ခံဖို့ တောင်းဆိုခဲ့ပေမယ့် ပိုက်ဆံမပေးရင် မသင်ကြားပေးနိုင်ဘူးလို့ အငြင်းခံလိုက်ရပါတယ်။ ဒီလိုနဲ့ လုန် တစ်ယောက် ထူးဆန်းတဲ့အဘိုးတစ်ယောက်နဲ့ ဆုံခဲ့ပြီး အဲဒီအဘိုးဆီ တပည့်ခံကာ (မြွေသိုင်း)ကွန်ဖူးပညာရပ်ကို စတင်လေ့လာခဲံပါတော့တယ်။ ဆရာဖြစ်သူရဲ့ နည်းပြ ကောင်းမှုနဲ့ လုန်ရဲ့ စိတ်ဝင်စားမှုတို့ ပေါင်းစပ်သွားတဲ့ အခါမှာတော့ လုန်ဟာ အတော်လေးကို တော်တဲ့ကွန်ဖူးသိုင်းသမား တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဖခင်ဖြစ်သူက အားမပေးခဲ့ပေမယ့် ဒီပညာရပ်ကို အဆက်မပြတ် သင်ယူခဲ့ပြီးနောက်ပိုင်းမှာတော့ သူ့ရဲ့ လက်စွမ်းကလည်း လူတွေကြား နာမည်ကြီးလာခဲ့ပါတယ်။ ဒီသတင်းကို ကြားတဲ့ ကွန်ဖူးလူမိုက်သိုင်းသမား တစ်သိုက်ဟာလည်း လုန်နဲ့ ထိပ်တိုက်တွေ့ဖို့ အကြောင်းအမျိုးမျိုးဖန်တီးလာပါတော့တယ်။ လုန်တစ်ယောက် သိုင်းပညာရပ်ကိုလေ့လာဖို အားမပေးတဲ့ ဖခင်ကို ကျော်ပြီး ဆရာကောင်းဆီကနေ ကွန်ဖူးပညာရပ်ကို ဘယ်လိုသင်ကြားမလဲ ? ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲ? လူမိုက်ဂိုဏ်းတွေနဲ့ရော ဘယ်လိုတွေ ထိပ်တိုက်တွေ့ဆုံးရမလဲဆိုတာကိုတော့? အခုပဲ အတူစောင့်ကြည့်လိုက်ရအောင်နော်။ File size… (1.6 GB) / (930 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Action,Comedy,Drama Duration…. 01:25:53 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း