ဇာတ်ကားများ ရွေးရန်

Cyrano de Bergerac

1990ဇာတ်ကားအမှတ် 7.3/10137 မိနစ်

Cyrano de Bergerac (1990) IMDb Rating (7.5) / Rotten Tomatoes (100%) ပြင်သစ်ရုပ်ရှင်သမိုင်းမှာ အအောင်မြင်ဆုံးနဲ့ အနုပညာအမြောက်ဆုံး Period Romance/Drama ကားကြီးတစ်ကားဖြစ်ပါတယ်။ နာမည်ကျော် ပြင်သစ်မင်းသားကြီး Gérard Depardieu ရဲ့ အပြောင်မြောက်ဆုံး သရုပ်ဆောင်ချက်ကို ဒီကားမှာ မြင်တွေ့ရမှာပါ။ သူဟာ ဒီကားနဲ့ အော်စကာဆု ဆန်ခါတင်စာရင်းဝင်ခဲ့သလို၊ Cannes ရုပ်ရှင်ပွဲတော်မှာလည်း အကောင်းဆုံးမင်းသားဆု ရရှိခဲ့ပါတယ်။ ၁၇ ရာစု ပြင်သစ်နိုင်ငံရဲ့ အခင်းအကျင်းတွေ၊ ဝတ်စုံတွေနဲ့ စစ်ပွဲမြင်ကွင်းတွေကို တကယ့်ကို ခမ်းနားထည်ဝါစွာ ရိုက်ကူးထားပါတယ်။ Cyrano ဟာ သတ္တိခဲ စစ်သည်တော်တစ်ယောက် ဖြစ်သလို၊ ထူးချွန်တဲ့ ကဗျာဆရာတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့မှာ အားနည်းချက်တစ်ခု ရှိနေတာကတော့ ပုံမှန်ထက် အများကြီး ပိုကြီးလွန်းတဲ့ "နှာခေါင်း" ပါပဲ။ အဲဒီနှာခေါင်းကြောင့် သူဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘဲ သူအရမ်းချစ်ရတဲ့ ဝမ်းကွဲညီမလေး Roxane ကို ဖွင့်ပြောဖို့ ဝန်လေးနေခဲ့ပါတယ်။ တစ်ဖက်မှာလည်း Roxane က ရုပ်ချောတဲ့ Christian ကို သဘောကျနေပါတယ်။ Christian က ရုပ်ချောပေမဲ့ စကားပြောမတတ်၊ ကဗျာမရေးတတ်တဲ့အခါ Cyrano က သူ့ရဲ့ အချစ်ကို Christian ရဲ့ နာမည်နဲ့ ကဗျာတွေ၊ စာလွှာတွေ ရေးသားပေးပြီး ကူညီပေးခဲ့ပါတယ်။ ရုပ်ရည်က Christian၊ စကားလုံးတွေက Cyrano ဆိုတဲ့ ပေါင်းစပ်မှုကြားမှာ Roxane တစ်ယောက် ဘယ်သူ့ကို တကယ်ချစ်မိသွားတာလဲ၊ ဒီလျှို့ဝှက်ချက်က ဘယ်လိုမျိုး ဝမ်းနည်းစရာ အလှည့်အပြောင်းတွေ ဖြစ်လာမလဲဆိုတာကို ရိုက်ပြထားတဲ့ ပြင်သစ်ဒရမ်မာကားလေးပါ File size… (2.4 GB) / (1.7 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Drama,History,Romance Duration…. 02:19:17 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း