ဇာတ်ကားများ ရွေးရန်

Constantine: The House of Mystery

2022ဇာတ်ကားအမှတ် 6.9/1027 မိနစ်

ကမ္ဘာပျက်စစ်ပွဲကြီးကို အနိုင်ရခဲ့ပေမယ့် Justice League အဖွဲ့ဝင်တွေနဲ့ ကမ္ဘာကြီးမှာ ဆုံးရှုံးမှုတွေ အများကြီး ကျန်ခဲ့ပါတယ်။ ပျက်စီးမှုတွေကြောင့် ကမ္ဘာကြီးပါ အဆုံးသတ်လုနီးလာတဲ့အခါ ဂျွန်ကွန်စတန်တင်းက ဖလက်ရှ်ရဲ့အလျင်ကို အသုံးပြုပြီး ဖလက်ရှ်ပွိုင့်တစ်ခု ဖန်တီးဖို့ အကြံရလာတယ်။ ဒီဖြစ်ရပ်တွေ မဖြစ်ခဲ့သလို အတိတ်ကို ပြန်ပြင်ဖို့ပါ။ ဒါပေမဲ့ အတိတ်ကို ပြင်ဆင်နေတုန်း ဂျွန်ဟာ ပဟေဠိဆန်တဲ့ စံအိမ်ကြီးတစ်အိမ်ထဲ ရုတ်တရက် ရောက်သွားပါတယ်။ အဲဒီမှာ သူချစ်ရတဲ့ ဇီနဲ့ သေဆုံးသွားပြီးသား မိတ်ဆွေတွေကို တွေ့ရပေမယ့် သူတို့ဟာ လူတွေမဟုတ်ဘဲ မကောင်းဆိုးဝါးတွေ ဖြစ်နေကြတယ်။ သူတို့က ဂျွန်ကို ဝိုင်းသတ်ကြပေမယ့် ဂျွန်က အပြီးသေသွားတာမျိုး မဟုတ်ပါဘူး။ ဒီအိမ်ထဲမှာပဲ ပြန်ရှင်လာလိုက်၊ အသတ်ခံရလိုက်နဲ့ အဖြစ်အပျက်တစ်ခုတည်းကို ထပ်တလဲလဲ ကြုံနေရတာပါ။ ဂျွန်လည်း သူ့ကို ဒီအချိန်စက်ဝန်းထဲ ထည့်ထားသူဟာ ဘယ်သူလဲဆိုတာ ဖော်ထုတ်ရင်း စံအိမ်ထဲကနေ လွတ်အောင်ထွက်ဖို့ ကြံစည်ရပါတော့တယ်။ ကမ္ဘာပျက်စစ်ပွဲအပြီးကို အခြေခံထားတဲ့ မိနစ်သုံးဆယ်ခန့်ကြာ အန်နီမေးရှင်းဇာတ်လမ်းတိုပါ။

ဇာတ်လမ်းအကြောင်း