Sausage Party
စူပါမားကတ်ထဲက စားစရာတွေဟာ လူသားတွေကို သူတို့ရဲ့ဘုရားသခင်တွေလို့ ယုံကြည်ထားကြပါတယ်။ ဆိုင်ထဲမှာ ပုပ်သိုးသွားမယ့်ဘေးကနေ ကယ်တင်ပေးမယ့်သူတွေလို့ ထင်ထားကြလို့ နေ့တိုင်း ဝယ်သူတွေရဲ့ ရွေးချယ်ခြင်းခံရဖို့ အပြိုင်ဆုတောင်းနေကြတယ်။ မရောင်းရဘဲ သက်တမ်းကုန်သွားရင်တော့ သူတို့ အကြောက်ဆုံးဖြစ်တဲ့ မှောင်မည်းနေတဲ့ အမှိုက်ပုံးထဲကို ရောက်သွားရမှာပါ။ ဖရန့်၊ ကားလ်နဲ့ ဘယ်ရီတို့က ခြောက်ချောင်းပါတဲ့ ဝက်အူချောင်းထုပ်တစ်ထုပ်ထဲက သူငယ်ချင်းတွေပါ။ သူတို့ဘေးမှာတော့ ဘရန်ဒါတို့ ဟော့ဒေါ့ပေါင်မုန့်မလေးတွေရှိပြီး သူတို့လည်း တစ်ထုပ်မှာ ခြောက်ခုစီ နေကြတယ်။ အနီးကပ်နေရင်း ဖရန့်နဲ့ ဘရန်ဒါတို့ ချစ်မိသွားကြပြီး တစ်ယောက်တည်းက သူတို့နှစ်ထုပ်လုံးကို ဝယ်သွားဖို့ မျှော်လင့်နေကြပါတယ်။ တစ်ရက်မှာတော့ သူတို့ဆုတောင်းတဲ့အတိုင်း နှစ်ထုပ်လုံး အဝယ်ခံလိုက်ရတယ်။ ဒါပေမဲ့ ပျားရည်မုန်ညင်းဘူးတစ်ဘူးက ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားရာက မတော်တဆမှုဖြစ်ပြီး ဖရန့်နဲ့ ဘရန်ဒါတို့ ဝယ်သူဆီကနေ ပြုတ်ကျကျန်ခဲ့ကြပါတယ်။ သူငယ်ချင်းတွေနဲ့ ပြန်ဆုံပြီး ဝယ်သူဆီ ပြန်ရောက်ဖို့ လမ်းရှာနေကြရင်း သူတို့ဘုရားသခင်လို့ ယုံကြည်ထားတဲ့ လူသားတွေဟာ ကြင်နာစောင့်ရှောက်ဖို့ ဝယ်သွားတာမဟုတ်ဘဲ စားပစ်ဖို့သာ ဝယ်ကြတာကို သိလာရတော့တယ်။
ဇာတ်လမ်းအကြောင်း