ဇာတ်ကားများ ရွေးရန်

JugJugg Jeeyo

2022ဇာတ်ကားအမှတ် 5.6/10148 မိနစ်

ပြည်ပမှာ နေထိုင်ကြတဲ့ ဇနီးမောင်နှံနှစ်ယောက်ဟာ အိမ်ထောင်ရေးကို စိတ်ကုန်နေကြပြီး တစ်ယောက်အပေါ်တစ်ယောက် ခံစားချက်လည်း မရှိကြတော့လို့ ကွာရှင်းဖို့ ဆုံးဖြတ်ထားကြပါတယ်။ အဲဒီအချိန်မှာ ခင်ပွန်းရဲ့ညီမ မင်္ဂလာပွဲရှိလို့ အမိမြေကို ပြန်ကြရတယ်။ မင်္ဂလာပွဲအတွင်း လူကြီးတွေ စိတ်မညစ်ရအောင် သူတို့ကွာရှင်းမယ့်ကိစ္စကို ပွဲပြီးတဲ့အထိ အသိမပေးသေးဘဲ ထားဖို့ သဘောတူလိုက်ကြပါတယ်။ ကိုယ့်ကိစ္စကို ဖြည်းဖြည်းချင်း ညှိနှိုင်းဖြေရှင်းဖို့ စီစဉ်ထားပေမယ့် အိမ်ပြန်ရောက်တော့ မထင်ထားတဲ့ ပြဿနာတစ်ခုက စောင့်နေတယ်။ ခင်ပွန်းရဲ့ဖခင်ကလည်း တိတ်တိတ်ပုန်း ရည်းစားထားနေပြီး သမီးမင်္ဂလာပွဲပြီးတာနဲ့ ဇနီးကိုကွာရှင်းလို့ သူ့ရည်းစားနဲ့ လက်ထပ်ဖို့ ကြံနေပါတယ်။ ကိုယ့်အိမ်ထောင်ရေးကိစ္စကို ဖုံးထားရသေးတဲ့ကြားမှာ ဖခင်ရဲ့ကိစ္စကိုပါ ရင်ဆိုင်ဖြေရှင်းရဖို့ ဖြစ်လာတာပါ။ ဗာရွန်း၊ ကီယာရာနဲ့ အနီလ်ကပူးတို့ ပါဝင်ထားတဲ့ မိသားစုဟာသဒရာမာဖြစ်ပြီး အိမ်ထောင်ရေးအဆင်မပြေမှုတွေ၊ စကားများရန်ဖြစ်မှုတွေနဲ့ မိသားစုအတွင်းက အလွဲတွေကို တွဲဖော်ပြထားပါတယ်။ ဟာသအဖြစ်အပျက်တွေကြားကနေ ဇာတ်လမ်းနောက်ပိုင်းမှာ မိသားစုဝင်တွေရဲ့ ခံစားချက်တွေဘက်ကို ဆက်သွားထားတယ်။

ဇာတ်လမ်းအကြောင်း