Pretty Lethal
Pretty Lethal (2026) ++++++++++++++ IMDb Rating (6.9) / Rotten Tomatoes (63%) ဒီတစ်ခါတော့ Amazon Prime ကနေ အသစ်ထွက်ရှိထားတဲ့ Pretty Lethal ဆိုတဲ့ Action Thriller ကားလေး တင်ပေးထားပါတယ်။ ၂၀၂၆ မတ်လ ၂၅ ရက်နေ့မှာပဲ ပူပူနွေးနွေး ထွက်ထားတာပါ။ အချိန်ကလည်း ၁ နာရီခွဲလောက်ပဲဆိုတော့ ဇာတ်လမ်းက အီမနေဘဲ မြန်မြန်ဆန်ဆန်နဲ့ ကြည့်လို့ကောင်းတဲ့ ကားမျိုးပေါ့။ ဇာတ်လမ်းအကျဉ်း ++++++++++ ဘဲလေးအကမယ် ၅ ယောက်ဟာ သူတို့ရဲ့ အရေးကြီးတဲ့ ပြိုင်ပွဲတစ်ခုအတွက် ဘတ်စ်ကားနဲ့ ခရီးထွက်လာကြတယ်။ လမ်းခုလတ် တောကြိုအုံကြား ရောက်တော့ ကားကပျက်သွားရော။ အဲဒီမှာ သူတို့လည်း ရွေးစရာမရှိတာနဲ့ အနီးနားက Devora Kasimer ဆိုတဲ့ ဘဲလေးအကမယ်ဟောင်း တစ်ယောက် ဖွင့်ထားတဲ့ တည်းခိုခန်းလေးတစ်ခုမှာ ဝင်နားကြရတယ်။တကယ်တော့ အဲဒီတည်းခိုခန်းက ရိုးရိုးတည်းခိုခန်း မဟုတ်ဘဲ ဟန်ဂေရီ ဂိုဏ်းသားတွေ ခိုအောင်းနေတဲ့ နေရာဖြစ်နေတယ်။ သူတို့ရဲ့ ဆရာမဖြစ်သူ အသတ်ခံလိုက်ရပြီးနောက်မှာတော့ ဒီကောင်မလေး ၅ ယောက်ဟာ ဒီလူသတ်သမားတွေ လက်ထဲကနေ လွတ်အောင် ရုန်းကန်ကြရတော့တယ်။ သူတို့သင်ယူထားတဲ့ ဘဲလေးအကရဲ့ ကျွမ်းကျင်မှုတွေ၊ စည်းကမ်းတွေ၊ နောက်ဆုံး သူတို့စီးတဲ့ ဘဲလေးဖိနပ် (Pointe shoes) လေးတွေကိုပါ လက်နက်အဖြစ်ပြောင်းလဲပြီး ဘယ်လို တိုက်ခိုက်မလဲဆိုတာကို ရင်ခုန်စရာ ကြည့်ရမယ့် ကားလေးပါ။ သရုပ်ဆောင်တွေက Maddie Ziegler, Lana Condor, Avantika, Millicent Simmonds နဲ့ Iris Apatow တို့က အကမယ်တွေအဖြစ် ပါဝင်ထားပြီး၊ ဗီလိန်နေရာမှာတော့ နာမည်ကြီး မင်းသမီးကြီး Uma Thurman က သရုပ်ဆောင်ထားပါတယ်။ John Wick လို အက်ရှင်ကားတွေကို ရိုက်ကူးတဲ့ 87North Productions အဖွဲ့က စတန့်တွေ လုပ်ပေးထားတာဆိုတော့ အက်ရှင်ခန်းတွေက တော်တော်လေး မိုက်တယ်။ ဘဲလေးအကကွက်တွေနဲ့ တိုက်ခိုက်ရေး အက်ရှင်ခန်းတွေကို ပေါင်းစပ်ထားတာဆိုတော့ ကြည့်ရတာ တစ်မျိုးလေး ဆန်းသစ်နေမှာပါ။ File Size… (1.38GB) / (699MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 28m Genre ….Action , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း