ဇာတ်ကားများ ရွေးရန်

Sampai Titik Terakhirmu

2025ဇာတ်ကားအမှတ် 8.0/10114 မိနစ်

Sampai Titik Terakhirmu (2025) Till Your Last Point +++++++++++ ၂၀၂၅ မှာ ထွက်ရှိထားတဲ့ အင်ဒိုနီးရှား ရုပ်ရှင်သစ်လေး "Sampai Titik Terakhirmu" (မင်းရဲ့ နောက်ဆုံးအချိန်အထိ) က TikTok နဲ့ Social Media ပေါ်မှာ တကယ့်ကို နာမည်ကြီးခဲ့တဲ့ Shella Selpi Lizah နဲ့ သူ့ရဲ့ အမျိုးသား Albi Dwizky တို့ရဲ့ ဖြစ်ရပ်မှန်အချစ်ဇာတ်လမ်းကို ပြန်ရိုက်ထားတာပါ။ ရင်ဘတ်ထဲ တကယ်ထိရှစေမယ့် Drama ကားကောင်းလေးတစ်ကားပေါ့။ ဇာတ်လမ်းကတော့ အလုပ်ကြိုးစားပြီး အေးအေးဆေးဆေး နေတတ်တဲ့ လူငယ်လေး Albi နဲ့ တက်ကြွလန်းဆန်းတဲ့ အားကစားမယ်လေး Shella တို့ တွေ့ဆုံရာကနေ စတာပါ။ သူတို့နှစ်ယောက် ချစ်သူတွေဖြစ်သွားပြီး သာယာတဲ့ အနာဂတ်ကို အတူတူ ပုံဖော်နေကြတုန်းမှာပဲ Shella ဆီမှာ သားဥအိမ်ကင်ဆာ (Ovarian Cancer) ရှိနေတာကို သိလိုက်ရပါတယ်။ Shella ရဲ့ ကျန်းမာရေးက တဖြည်းဖြည်း ဆိုးရွားလာပေမယ့် Albi ကတော့ ဘယ်တော့မှ လက်မလျှော့ခဲ့ပါဘူး။ သူ့ရဲ့ ဝေဒနာတွေကို အတူတူ ခံစားပေးတယ်၊ ဆေးရုံတက်ရတဲ့ အချိန်တွေမှာလည်း အရိပ်တကြည့်ကြည့်နဲ့ ဘေးနားမှာ အမြဲရှိနေပေးခဲ့တယ်။ တကယ်ကို "သေခြင်းတရားကလွဲလို့ ဘာကမှ မခွဲနိုင်ဘူး" ဆိုတဲ့ စိတ်နဲ့ သူ့ရဲ့ နောက်ဆုံးအချိန်အထိ လက်ထပ်ပြီး စောင့်ရှောက်သွားတဲ့ သူတို့ရဲ့ ခိုင်မြဲတဲ့ အချစ်ကို မြင်ရမှာပါ။ Shella အဖြစ် Mawar de Jongh က ကင်ဆာဝေဒနာရှင်ရဲ့ ခံစားချက်ကို အရမ်းပီပြင်အောင် သရုပ်ဆောင်ထားပါတယ်။ Arbani Yasiz က Albi အဖြစ် ဇနီးအပေါ် သစ္စာရှိတဲ့ ခင်ပွန်းနေရာကနေ သရုပ်ဆောင်ထားတာပါ။ Social Media မှာ လူအများ မျက်ရည်ကျခဲ့ရတဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားလို့ ရင်ထဲကို တိုက်ရိုက် ရောက်ပါတယ်။ အကောင်းဆုံးအချိန်မှာတင်မကဘဲ အဆိုးဆုံးအချိန်တွေမှာပါ တစ်ယောက်ကိုတစ်ယောက် ဘယ်လို ဖေးမရမလဲဆိုတာ သင်ခန်းစာပေးနိုင်ပါတယ်။ ဒီကားကတော့ ရှုးရှုးရှဲရှဲ ငိုရမယ့်ကားမျိုးမို့လို့ တစ်ရှူးတော့ ဆောင်ထားဖို့ လိုပါမယ်။ File Size… (1.66GB) / (0.97GB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 54m Genre ….Biography , Drama , Romance Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း