AVP: Alien vs. Predator
Predator တွေဟာ လူသားတွေထက် အဆင့်မြင့်တဲ့ သိပ္ပံနည်းပညာတွေကို ပိုင်ဆိုင်ထားတဲ့ ဂြိုလ်သားတွေပါ။ သူတို့အမဲလိုက်တဲ့ သတ္တဝါတွေထဲမှာ Alien လို့ခေါ်တဲ့ ရက်စက်ကြမ်းတမ်းတဲ့ ဂြိုလ်သားတွေလည်း ရှိနေတယ်။ ဒီဇာတ်လမ်းမှာတော့ အဲဒီသတ္တဝါနှစ်မျိုးရဲ့ တိုက်ပွဲကြားကို လူသားတစ်စု ရောက်သွားကြပါတယ်။ သူဌေးကြီးတစ်ယောက်က မသေခင် ကိုယ့်နာမည်တစ်ခု ကျန်ခဲ့ချင်လို့ ကမ္ဘာ့အစောဆုံးလူမျိုးတွေ တည်ဆောက်ခဲ့တယ်လို့ ယူဆရတဲ့ ပိရမစ်တစ်ခုကို ရှာဖို့ စီစဉ်တယ်။ အဲဒီအတွက် ကျွမ်းကျင်သူတွေကို စုစည်းပြီး ရှာဖွေရေးခရီး ထွက်လာကြပါတယ်။ ဒါပေမဲ့ ပိရမစ်ကို တွေ့ထားတာ သူတို့တစ်ဖွဲ့တည်း မဟုတ်ဘူးဆိုတာ နောက်ကျမှ သိလာရတယ်။ Predator တွေကလည်း ပိရမစ်ထဲက Alien တွေကို သုတ်သင်ဖို့ ရောက်လာနေကြတာပါ။ နှစ်ထောင်ချီကြာလာတဲ့ အမဲလိုက်တိုက်ပွဲတွေနဲ့ ရန်ငြိုးတွေကြားမှာ ဒီလူသားအဖွဲ့ ဘယ်လိုရင်ဆိုင်ကြရမလဲ။
ဇာတ်လမ်းအကြောင်း