ဇာတ်ကားများ ရွေးရန်

The Postman (aka) Il postino

1994ဇာတ်ကားအမှတ် 7.9/10114 မိနစ်

The Postman (1994) IMDb Rating (7.8) / Rotten Tomatoes (92%) ကဗျာဆန်တဲ့ အီတလီဂန္ထဝင်ရုပ်ရှင်တစ်ခုလို့ပြောရမယ့် ဇာတ်ကားလေးပါ။ ကဗျာဆန်တဲ့ အလှအပတွေ၊ ရိုးသားတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ဘဝရဲ့ အနှစ်သာရကို ဖော်ပြထားတဲ့ ဒီဇာတ်ကားဟာ အော်စကာဆု ၅ ဆုအထိ လျာထားခြင်းခံခဲ့ရပါတယ်။ ဝါရင့်ကဗျာဆရာကြီးနဲ့ ရိုးအေးတဲ့ စာပို့သမားလေးကြားက ဆရာတပည့်လို၊ သူငယ်ချင်းလို သံယောဇဉ်က ကြည့်ရှုသူကို နွေးထွေးစေပြီး စကားလုံးတွေက လူတစ်ယောက်ရဲ့ ဘဝကို ဘယ်လောက်အထိ ပြောင်းလဲပစ်နိုင်သလဲ၊ အချစ်ကို ဘယ်လိုပုံဖော်ပေးနိုင်သလဲဆိုတာကို လှပစွာ ပြသထားပါတယ်။ ၁၉၅၀ ပြည့်လွန်နှစ်များက အီတလီကျွန်းငယ်လေးတစ်ခုကို နောက်ခံထားထားပါတယ်။ အဲဒီကျွန်းလေးကို နာမည်ကျော် ချီလီကဗျာဆရာကြီး Pablo Neruda (Philippe Noiret) ဟာနိုင်ငံရေးအရ ပြည်နှင်ဒဏ်ခံရပြီး ခေတ္တလာရောက် နေထိုင်ပါတယ်။ ကျွန်းပေါ်က ရိုးအေးတဲ့ တံငါသည်ရဲ့သားလေး Mario (Massimo Troisi) ဟာ စာဖတ်ဝါသနာပါပြီး အလုပ်လက်မဲ့ဖြစ်နေတာကြောင့် ကဗျာဆရာကြီးဆီကို စာပို့ပေးရတဲ့ "သီးသန့်စာပို့သမား" အလုပ်ကို ရရှိခဲ့ပါတယ်။ Mario ဟာ ကဗျာဆရာကြီးနဲ့ ရင်းနှီးလာပြီးနောက် ကဗျာတွေရဲ့ အလှအပနဲ့ တင်စားမှု (Metaphors) တွေကို စတင်လေ့လာလာပါတယ်။ သူ ချစ်ရတဲ့ မိန်းကလေး Beatrice ရဲ့ စိတ်ကို သိမ်းပိုက်နိုင်ဖို့အတွက် ကဗျာဆရာကြီးရဲ့ အကူအညီနဲ့ ကဗျာတွေ ရေးစပ်ရင်း ရိုးသားတဲ့ တံငါသည်လေးတစ်ယောက်ကနေ ဘဝကို ကဗျာဆန်ဆန် မြင်တတ်လာပုံကို ရိုက်ကူးထားတာပါ။ File size… (3 GB) / (1.6 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Drama,Romance Duration…. 01:54:21 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း