ဇာတ်ကားများ ရွေးရန်

Preschool

2026ဇာတ်ကားအမှတ် 5.6/10104 မိနစ်

Preschool (2026) IMDb Rating (5.1) မင်းသားကြီး Josh Duhamel ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး ခေါင်းဆောင်မင်းသားအဖြစ်လည်း ပါဝင်ထားတဲ့ မိသားစုဟာသကားကောင်းလေးပါ။ ဒီနေ့ခေတ် မိဘတွေက သူတို့ရဲ့ကလေးတွေကို ငယ်ငယ်လေးကတည်းက အကောင်းဆုံးကျောင်းတွေထားဖို့ ဘယ်လောက်အထိ အသည်းအသန် ကြိုးစားနေကြသလဲဆိုတာကို ဟာသနှောပြီး သရော်ထားပါတယ်။ မိသားစုနဲ့အတူတူ ကြည့်လို့ရတဲ့ PG-13 ကားမျိုးဖြစ်ပြီး၊ ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောချင်သူတွေအတွက် အဆင်ပြေပါတယ်။ ဇာတ်လမ်းကတော့ မြို့က အထက်တန်းလွှာတွေပဲ တက်နိုင်တဲ့ Elite Preschool (နာမည်ကြီး မူကြိုကျောင်း) တစ်ခုမှာ သူတို့ရဲ့ ကလေးတွေကို ကျောင်းဝင်ခွင့်ရဖို့ ကြိုးစားနေကြတဲ့ ဖခင်နှစ်ယောက်အကြောင်းပါ။ ဒီကျောင်းက ဝင်ရတာ အရမ်းခက်ခဲပြီး မူကြိုကျောင်းတွေရဲ့ ဟားဗက်တက္ကသိုလ်လို့တောင် နာမည်ကြီးပါတယ်။ လူတွေ့စစ်ဆေးမှုတွေကလည်း တကယ့်ကုမ္ပဏီကြီးတွေမှာ အလုပ်ဝင်ဖို့ စစ်ဆေးတာထက်တောင် ပိုပြီး တင်းကျပ်နေပါတယ်။ ဒီနေရာမှာ ဖခင်နှစ်ယောက်ဟာ ကျောင်းမှာ နောက်ဆုံးကျန်တဲ့ တစ်နေရာစာအတွက် သူတို့ကလေးတွေကျောင်းဝင်ခွင့်ရရေးအတွက် တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင်တွေ ဖြစ်လာကြပါတယ်။ ကလေးတွေရဲ့ အရည်အချင်းထက် အဖေတွေက ပိုပြီး အစွမ်းပြချင်ကြရာကနေ စတင်ပြီး၊ နောက်ဆုံးမှာတော့ ထိန်းမနိုင်သိမ်းမရ အခြေအနေတွေအထိ ရောက်ရှိသွားပုံကို ရိုက်ပြထားတဲ့ မိသားစု ဒရမ်မာကားကောင်းလေးဖြစ်တဲ့အတွက် ကြည့်ရှုသင့်ပါတယ်။ File size… (1.6 GB) / (970 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy Duration…. 01:45:06 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း