ဇာတ်ကားများ ရွေးရန်

Atropia

2025ဇာတ်ကားအမှတ် 5.1/10103 မိနစ်4K

Atropia (2025) IMDb Rating (5.8) / Rotten Tomatoes (41%) စစ်ပွဲနောက်ခံကို အခြေခံထားပေမဲ့ သာမန်အက်ရှင်ကားမျိုးမဟုတ်ဘဲ လူတွေရဲ့ စိတ်နေစိတ်ထားနဲ့ ဝေခွဲရခက်တဲ့ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာတွေကို ဦးစားပေးရိုက်ကူးထားတဲ့ War Drama ကားကောင်းတစ်ကားပါ။ ဒီဇာတ်ကားဟာ ဒါရိုက်တာ Hailey Gates ရဲ့ ပွဲဦးထွက်လက်ရာဖြစ်ပြီး နာမည်ကြီးမင်းသမီး Alia Shawkat, မာဗယ်ရဲ့ Channing Tatum , Callum Turner တို့က ဦးဆောင်ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ အမေရိကန်စစ်တပ်က စစ်သားတွေကို အီရတ်ကို မလွှတ်ခင် လေ့ကျင့်ပေးဖို့အတွက် ဖန်တီးထားတဲ့ "Atropia" ဆိုတဲ့ စစ်ပွဲအတုဇာတ်လမ်းဆင်ထားတဲ့ လေ့ကျင့်ရေးကွင်းပြင်ကြီးထဲမှာ ရိုက်ကွင်းတည်ထားတာပါ။ ဒီနေရာမှာ စစ်သားတွေတင်မကဘဲ ရပ်ရွာလူထုအဖြစ် သရုပ်ဆောင်ရမယ့် သာမန်အရပ်သားတွေလည်း ပါဝင်တယ်။ ဇာတ်လိုက်ဖြစ်သူကတော့ ဒီလေ့ကျင့်ရေးမှာ "ဒေသခံအမျိုးသမီး" အဖြစ် သရုပ်ဆောင်ဖို့ ငှားရမ်းခံထားရတဲ့ အမျိုးသမီးတစ်ယောက်ပါ။ သူမဟာ စစ်ပွဲအတုကြီးထဲမှာ နေ့တိုင်း သေနတ်သံတွေ၊ပေါက်ကွဲသံတွေကြားမှာ သရုပ်ဆောင်နေရင်းနဲ့ တဖြည်းဖြည်းနဲ့ သူမရဲ့ သရုပ်ဆောင်ဘဝနဲ့ လက်တွေ့ဘဝကြားမှာ ဝေခွဲမရအောင် ဖြစ်လာပါတော့တယ်။ စစ်သားတွေရဲ့ ပြုမူပုံတွေ၊ စစ်ပွဲရဲ့အဓိပ္ပာယ်မဲ့မှုတွေကို သူမရဲ့ အမြင်ကနေတစ်ဆင့် ထေ့ငေါ့ပြီး ရိုက်ကူးထားတဲ့ (Unique/Indie) ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။ File size… (6 GB) / (1.8 GB) / (1.1 GB) Quality…. WEB-Rip 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Drama Duration…. 01:43:25 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း