ဇာတ်ကားများ ရွေးရန်

The Virgin of the Quarry Lake

2026ဇာတ်ကားအမှတ် 6.0/1090 မိနစ်

The Virgin of the Quarry Lake (2026) ++++++++++++++++++ ၂၀၂၅ မှာ ထွက်ရှိထားတဲ့ The Virgin of the Quarry Lake (မူရင်းအမည်: La virgen de la tosquera) ဆိုတဲ့ ရုပ်ရှင်က အာဂျင်တီးနားနိုင်ငံရဲ့ ထူးထူးခြားခြား Coming-of-age (လူပျိုဖော်အပျိုဖော်ဝင်စ) Horror ကားလေးတစ်ကားပါ။ ဇာတ်လမ်းက ၂၀၀၁ ခုနှစ်၊ အာဂျင်တီးနားရဲ့ အရမ်းပူပြင်းတဲ့ နွေရာသီတစ်ခုမှာ အခြေခံထားတာပါ။ အဲဒီအချိန်က နိုင်ငံရေးနဲ့ စီးပွားရေးတွေကလည်း ရှုပ်ထွေးနေတဲ့ကာလပေါ့။ ဇာတ်လိုက်မလေးက Natalia (နာတာလီယာ) ဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေးပါ။ သူနဲ့ သူ့သူငယ်ချင်းနှစ်ယောက်လုံးက Diego (ဒီယေဂို) ဆိုတဲ့ ကောင်လေးကို ပြိုင်တူကြိုက်နေကြတာ။ နာတာလီယာက သူနဲ့ ဒီယေဂိုနဲ့က ပိုနီးစပ်တယ်လို့ ထင်နေပေမယ့် မမျှော်လင့်ဘဲ Silvia (ဆေးလ်ဗီးယား) ဆိုတဲ့ အသက်ကြီးကြီး၊ အတွေ့အကြုံရှိတဲ့ အမျိုးသမီးတစ်ယောက်က ကြားထဲရောက်လာပြီး ဒီယေဂိုကို ဝင်လုသွားခဲ့တယ်။ အချစ်ကြောင့် မနာလိုစိတ်တွေ တောက်လောင်လာတဲ့ နာတာလီယာဟာ သူ့အဘွားဆီကနေတစ်ဆင့် မှော်ပညာ (Witchcraft) တွေကို လေ့လာပြီး ဒီယေဂိုကို ပြန်ရဖို့ ကြိုးစားပါတော့တယ်။ ဒါပေမဲ့ အဲဒီမှော်ပညာတွေက သာမန်ကလေးကစားစရာ မဟုတ်ဘဲ ကြောက်စရာကောင်းတဲ့ အမှောင်လောကထဲကို ဆွဲခေါ်သွားတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာမလဲ။ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်ရဲ့ အချစ်ကြောင့် ဖြစ်ပေါ်လာတဲ့ ရူးသွပ်မှုနဲ့ ဒေါသကို "Feminine Rage" ပုံစံမျိုးနဲ့ ရိုက်ပြထားတာ တော်တော်လေး အားကောင်းပါတယ်။ ကားတစ်ကားလုံးက ပူအိုက်ပြီး မွန်းကြပ်နေတဲ့ ခံစားချက်မျိုး ပေးနိုင်ပါတယ်။ ခြောက်ခြားစရာကောင်းတဲ့ Quarry Lake (ကျောက်ကျင်းအိုင်) ရဲ့ ရှုခင်းတွေကလည်း ဇာတ်လမ်းကို ပိုပြီး ပဟေဠိဆန်စေပါတယ်။ ဇာတ်လိုက်မလေး Dolores Oliverio က သူ့ရဲ့ ပထမဆုံးရုပ်ရှင်ဖြစ်ပေမယ့် မနာလိုစိတ်ကြောင့် ရူးသွပ်ချင်နေတဲ့ ပုံစံကို အရမ်းပီပြင်အောင် သရုပ်ဆောင်ထားပါတယ်။ ဒီကားက သာမန် သရဲကားမျိုး မဟုတ်ဘဲ Psychological Horror နဲ့ Coming-of-age ကို ရောထားတာပါ။ "ငယ်ငယ်တုန်းက အချစ်ကြောင့် ငါတို့ ဘယ်လောက်ထိ မိုက်မဲခဲ့ဖူးလဲ" ဆိုတာကို မှော်ပညာနဲ့ ပေါင်းစပ်ပြီး ပိုကြောက်စရာကောင်းအောင် တင်ဆက်ထားတာဖြစ်လို့ ဒီလိုမျိုး ဆန်းဆန်းပြားပြား Horror ကားတွေ ကြိုက်တဲ့သူဆိုရင်တော့ ကြည့်သင့်တဲ့ကားပါပဲ။ တစ်ခွန်းတည်းနဲ့ ပြောရရင်တော့ "အချစ်က လူကို ရူးစေသလို၊ အဲဒီအရူးက မှော်ပညာနဲ့ တွေ့ရင်တော့ ဘာဖြစ်မလဲ" ဆိုတာကို ပြထားတဲ့ကားပါပဲ။ File Size… (1.18GB) / (798MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 33m Genre ….Horror , Thriller Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း