Demons
Demons (1985) IMDb Rating (6.6) / Rotten Tomatoes (75%) ၈၀ ခုနှစ်တွေရဲ့ Horror ပရိသတ်တွေကြားမှာ ဒီကားက "Cult Classic" တစ်ကားအဖြစ် ဒီနေ့အထိ ရေပန်းစားနေဆဲဖြစ်တဲ့အနုပညာမြောက်Horror ကားပါ။ ရုပ်ရှင်ရုံမှာသရဲကားကြည့်ကြတဲ့ လူတစ်စု ရုပ်ရှင်ထဲက မကောင်းဆိုးဝါးတွေ အပြင်မှာတကယ်ဖြစ်လာတဲ့အခါဘာတွေဆက်ဖြစ်သွားမလဲကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဇာတ်လမ်းကတော့ ဘာလင်မြို့က "Metropol" ဆိုတဲ့ ရုပ်ရှင်ရုံအသစ်တစ်ခုမှာ လူတစ်စုဟာ လျှို့ဝှက်ဆန်းပြားတဲ့ Horror ကားတစ်ကားကို အခမဲ့ကြည့်ရှုဖို့ ဖိတ်ကြားခံရတာကနေစတင်ပါတယ်။ အဲဒီရုပ်ရှင်ထဲမှာ လူငယ်တစ်စုဟာ ရှေးဟောင်းသင်္ချိုင်းတစ်ခုကို သွားရောက်ရင်း "နတ်ဆိုးမျက်နှာဖုံး" တစ်ခုကြောင့် နတ်ဆိုးတွေအဖြစ် ပြောင်းလဲသွားပုံကို ပြသထားတာပါ။ ထူးဆန်းတာက ရုပ်ရှင်ရုံအပြင်ဘက်မှာလည်း မိန်းကလေးတစ်ယောက်ဟာ အလှပြထားတဲ့ "မျက်နှာဖုံး" တစ်ခုကို စမ်းတပ်ကြည့်ရင်း ရှမိသွားရာကနေ ရုပ်ရှင်ထဲကအတိုင်း တကယ့်နတ်ဆိုးတစ်ကောင်အဖြစ်ပြောင်းလဲသွားပါတော့တယ်။ အဲဒီနောက်မှာတော့ ရုပ်ရှင်ရုံထဲက ကြည့်ရှုသူတွေဟာ တစ်ယောက်ပြီးတစ်ယောက် ကူးစက်ခံရပြီး သွေးပျက်စရာကောင်းတဲ့ မကောင်းဆိုးဝါးတွေ ဖြစ်ကုန်ကြပါတယ်။ ထွက်ပေါက်တွေအားလုံး ပိတ်ထားတဲ့ ရုပ်ရှင်ရုံထဲမှာ ကျန်ရှိနေတဲ့သူတွေဟာ ဒီမကောင်းဆိုးဝါးတွေလက်ကနေ လွတ်မြောက်အောင် ဘယ်လိုရုန်းကန်မလဲဆိုတာကို ရင်တထိတ်ထိတ် ကြည့်ရှုရမယ့် ကားကောင်းလေးပါ။ File size… (1.2 GB) / (870 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror Duration…. 01:29:33 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း