ဇာတ်ကားများ ရွေးရန်

Gonjiam: Haunted Asylum

2018ဇာတ်ကားအမှတ် 7.6/1095 မိနစ်

Gonjiam: Haunted Asylum (2018) ဒီတစ်ခေါက်မှာတော့ Horror ချစ်သူ ပရိသတ်ကြီးတို့အတွက် Vlog ပုံစံနဲ့ ခပ်ဆန်းဆန်းလေး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Cast တွေအနေနဲ့ကတော့"Squid Game" ထဲမှ Wi Ha Joon နဲ့ Park Sung-Hoon ၊ "Flex X Cop" မှ Park Ji-Hyun တို့အပြင် Oh Ah-Yun ၊ Moon Ye-Won နဲ့ Yoo Je-Yoon စတဲ့ သရုပ်ဆောင်များ အဓိက ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း ~ ၁၉၆၁ ခုနှစ်မှာ စတင်ဖွင့်ခဲ့တဲ့ ဂွန်းဂျီအမ်း စိတ်ကျန်းမာရေးဆေးရုံဟာ ကိုရီးယားရဲ့ အကောင်းဆုံး စိတ်ကျန်းမာရေး ဆေးရုံတစ်ခုဖြစ်ခဲ့ပါတယ်။ ဆေးရုံဖွင့်လှစ်ပြီး ၁၈ နှစ်အကြာ ၁၉၇၉ ခုနှစ်မှာတော့ လူနာပေါင်း ၄၂ ယောက်ဟာ မိမိကိုယ်ကိုယ်အဆုံးစီရင်ခဲ့ကြပြီး တစ်ချိန်တည်းမှာပဲ ဆေးရုံအုပ်ဖြစ်သူပါ ပဟေဠိဆန်ဆန် ပျောက်ဆုံးသွားခဲ့ပြီးနောက်ပိုင်းမှာတော့ အဆိုပါဆေးရုံကို ပိတ်သိမ်းခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေအပြီးမှာတော့ အနီးအနားပတ်ဝန်းကျင်ကလူတွေက တဆင့် အဲဒီဆေးရုံမှာ သရဲတစ္ဆေတွေမြင်တွေ့ရတယ်ဆိုတဲ့ ကောလာဟလ ထွက်ပေါ်လာပါတယ်။ ကြောက်မက်ဖွယ်ရာနေရာများကို စွန့်စားသွားလာပြီး မှတ်တမ်းရုပ်ရှင်တွေ ရိုက်ကူးတင်ဆက်ပေးတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Horror Times ဆိုတဲ့ အဖွဲ့မှ လူငယ်တစ်စုဟာ ကမ္ဘာပေါ်ကကြောက်စရာအကောင်းဆုံးနေရာတွေမှာ နံပါတ် ၇ နေရာမှာရှိနေပြီး .. ကိုရီးယားနိုင်ငံရဲ့ ကြောက်စရာအကောင်းဆုံးနေရာတွေထဲမှာတော့ နံပါတ် ၃ နေရာမှာ တည်ရှိနေတဲ့ အဆိုပါ စိတ်ကျန်းမာရေးဆေးရုံကို စွန့်စားခန်းတစ်ရပ်ထွက်ပြီး သူတို့ရဲ့ စွန့်စားခန်းကို အွန်လိုင်းမှာပါ တိုက်ရိုက် Live လွှင့်တင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ် ။ ဒီလိုနဲ့ မထင်မှတ်ထားတဲ့ ကိစ္စတွေ ဖြစ်ပေါ်လာပြီးနောက်မှာတော့... သူတိုရဲ့ စွန့်စားခရီးစဉ်မှာ ဘယ်လိုအတားအဆီးတွေရှိနေမလဲ .. အဲဒီဆေးရုံဟာ ကောလာဟလတွေအတိုင်း တကယ်ပဲ သရဲခြောက်တာလား .. ပုံမှန်သရဲကားတွေနဲ့ မတူဘဲ Live လွှင့်တာကို ကြည့်ရတဲ့ ခံစားချက်ဆိုတော့ ဆေးရုံပျက်ကြီးထဲ ကိုယ်တိုင် ရောက်နေသလို ခံစားရပြီး တစိမ့်စိမ့်နဲ့ ကျောချမ်းရမှာဖြစ်လို့ ကြည့်ရှုခံစားပေးပါဦးနော်။ File size…1.68GB / 886MB Quality… BluRay 1080p/ 720p Format…mp4 Duration….1 hr. 33 min. Genre ….. Thriller, Mystery, Horror, Supernatural Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း