ဇာတ်ကားများ ရွေးရန်

By Design

2026ဇာတ်ကားအမှတ် 4.5/1091 မိနစ်

By Design (2026) IMDb Rating (5.0) / Rotten Tomatoes (72%) ဒီဇာတ်လမ်းက ပုံမှန် မြင်တွေ့နေကျ ဇာတ်လမ်းမျိုးမဟုတ်ဘဲ ခန္ဓာကိုယ်ချင်း လဲလှယ်တဲ့ (Body-swap) ဇာတ်ကွက်ကိုမှ ခပ်ဆန်းဆန်း ပုံစံမျိုးနဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။ စွဲမက်စရာ ပစ္စည်းဥစ္စာတွေများတဲ့ ၂၁ ရာစုကြီးမှာ Material တွေရဲ့ နောက်ကိုလိုက်ရင်း လူကနေ ကုလားထိုင်ဖြစ်သွားတယ်" ဆိုတဲ့ ထူးခြားဆန်းပြားတဲ့ ဇာတ်ကွက်က ပရိသတ်ကို အစကနေ အဆုံးထိ "ဒါ ဘာဖြစ်မှာလဲ" ဆိုပြီးစွဲဆောင်ထားနိုင်ပါတယ်။ ဇာတ်လမ်းကတော့ အောင်မြင်ပေမဲ့ စိတ်ထဲမှာ အမြဲတမ်းတစ်ခုခုလိုနေသလို ခံစားနေရတဲ့ အမျိုးသမီး Camille (Juliette Lewis) အကြောင်းပါ။ သူမဟာ ပရိဘောဂဆိုင်တစ်ခုက အရမ်းလှပြီး ဈေးကြီးတဲ့ ကုလားထိုင်တစ်လုံးကို တွေ့တဲ့အခါမှာ အဲဒီကုလားထိုင်ကို အရမ်းစွဲလမ်းသွားပြီး ပိုင်ဆိုင်ချင်စိတ်တွေ အရမ်းဖြစ်လာတယ်။ ထူးထူးဆန်းဆန်းပဲ Camille ဟာဒီလိုချင်တပ်မက်စိတ်တွေကြောင့်ပဲ ကုလားထိုင်နဲ့ ခန္ဓာကိုယ်ချင်း လဲလှယ်သွားပါတော့တယ်။ သူမရဲ့ ခန္ဓာကိုယ်ကတော့ အိမ်မှာ သက်မဲ့ပစ္စည်းတစ်ခုလို ကျန်ရစ်ခဲ့ပေမဲ့ သူမရဲ့ စိတ်ဝိညာဉ်ကတော့ ကုလားထိုင်ထဲကို ရောက်သွားခဲ့ပါတယ်။ အဲဒီကုလားထိုင်ကို စန္ဒယားပညာရှင် Olivier (Mamoudou Athie) က ဝယ်သွားတဲ့အခါမှာတော့ Camille ဟာကုလားထိုင်တစ်လုံးအဖြစ်နဲ့ လူတွေရဲ့ အကြည့်၊ အလေးပေးမှုနဲ့ ဂရုစိုက်မှုတွေကို သူမ လူသားဘဝတုန်းကထက်တောင် ပိုပြီး ရရှိလာတာကို တွေ့ရပါတော့တယ်။ တစ်ခါတလေမှာ လူသားတစ်ယောက်အနေနဲ့ နေရတာထက်တန်ဖိုးရှိတဲ့ သက်မဲ့ပစ္စည်းတစ်ခုအဖြစ် နေရတာကို ပိုပြီး နှစ်သက်နေကြတာလား" ဆိုတဲ့ မေးခွန်းကို အနုပညာဆန်ဆန်မေးမြန်းသွားတဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်။ File size… (990 MB) / (650 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Fantasy,Romance Duration…. 01:31:48 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း