ဇာတ်ကားများ ရွေးရန်

Hansel & Gretel

2007ဇာတ်ကားအမှတ် 6.7/10117 မိနစ်

Hansel & Gretel (2007) Hansel & Gretel (2007) ဇာတ်ကားကိုတော့ ဒါရိုက်တာ Yim Pil-sung ရိုက်ကူးထားပြီး သရုပ်ဆောင် Chun Jung-myung, Shim Eun-kyung, Eun Won-jae, Jin Ji-hee တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ လူကြီးတွေရဲ့ အတ္တနဲ့ရက်စက်မှုကြောင့် ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဘယ်လို ထိခိုက်ပျက်စီးသွားလဲဆိုတဲ့ Childhood Trauma ကို ပုံပြင်တစ်ပုဒ်လို ခံစားချက်ပြင်းပြင်းနဲ့ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း အီအွန်းဆူ(Chun Jung-myung) ဆိုတဲ့ လူငယ်တစ်ယောက်ဟာ တောအုပ်တစ်ခုအနီး အဝေးပြေးလမ်းမကြီးပေါ်မှာ ကားမတော်တဆဖြစ်ပြီး သတိလစ်သွားခဲ့ပါတယ်၊၊ ကလေးမလေးတစ်ယောက်ရဲ့ လမ်းပြမှုကြောင့် တောအုပ်ထဲက ပုံပြင်စာအုပ်ထဲကအတိုင်း အရမ်းလှပတဲ့ အိမ်လေးတစ်လုံးကို ရောက်သွားပြီး ချစ်စရာကောင်းတဲ့ မောင်နှမ ၃ ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်၊၊ "ပျော်ရွှင်သော ကလေးများရဲ့ အိမ်" လို့ အမည်ရတဲ့ အဲဒီအိမ်မှာ အရာအားလုံးက ပြည့်စုံလွန်းနေပေမဲ့ ဒီတောကြီးထဲကနေ ပြန်ထွက်ဖို့ ကြိုးစားတိုင်း လမ်းပြန်ပျောက်နေခဲ့ပါတယ်၊၊ အဲဒီနောက်မှာတော့ သူဟာ အဲဒီအိမ်ကြီးကလေးတွေရဲ့ ကြောက်စရာကောင်းတဲ့ လျှို့ဝှက်ချက်တွေနဲ့ အတိတ်ကို တစ်ခုပြီးတစ်ခု စတင်သိရှိလာရတဲ့အခါ ဒီတောအုပ်ကြီးထဲက ထွက်သွားနိုင်မလား ပိတ်မိသွားမလားဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ File Size - 1.8 GB/ 868 MB Quality - BluRay 1080p/ 720p Duration - 1h 57m Format - mp4 Genre - Drama, Fantasy, Horror Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း