ဇာတ်ကားများ ရွေးရန်

Family Portraits: A Trilogy of America

2003ဇာတ်ကားအမှတ် 5.3/10103 မိနစ်

Family Portraits: A Trilogy of America (2003) IMDb Rating (6.1) Family Portraits သို့မဟုတ် Family Portraits: A Trilogy of America ဟာ ဒါရိုက်တာ Douglas Buck ရဲ့ Independent horror စုစည်းမှုတစ်ခုဖြစ်ပါတယ်။ ဒီ Trilogy မှာ ၁၉၉၇ ကနေ ၂၀၀၃ အထိရိုက်ကူးခဲ့တဲ့ဇာတ်လမ်းတိုသုံးခုပါဝင်ပါတယ်။ Cutting Moments (1997) အိမ်ထောင်ရေးအဆင်မပြေဖြစ်နေတဲ့ ဇနီးမောင်နှံနှစ်ဦး၊ ခင်ပွန်းဖြစ်သူရဲ့အာရုံစိုက်မှုကိုရဖို့ ကိုယ့်ကိုယ်ကိုအစွန်းရောက်နည်းလမ်းတွေနဲ့ညှင်းဆဲတဲ့ဇနီးသည်တို့ရဲ့ဇာတ်လမ်းပါ။ Home (1998) နှိပ်စက်တတ်တဲ့ဖခင်ဖြစ်သူရဲ့သားကောင်အဖြစ်အရွယ်ရောက်လာခဲ့တဲ့ သားတစ်ယောက်၊ သူ့ရဲ့ငယ်ဘ၀ဒဏ်ရာတွေကိုကိုယ့်ကိုယ်ကိုခါးပတ်နဲ့ရိုက်ပြီးထွက်ပေါက်ရှာတတ်တဲ့လူငယ်တစ်ယောက် အိမ်ထောင်တစ်ခုကိုကိုယ်တိုင်ဦးဆောင်ရချိန်မှာ ဘယ်လိုလူစားမျိုးဖြစ်လာခဲ့လဲဆိုတဲ့အကြောင်း။ Prologue (2003) ၁၇ နှစ်အရွယ်ဆယ်ကျော်သက်ကောင်မလေးတစ်ယောက် ရက်စက်ကြမ်းကြုတ်တဲ့တိုက်ခိုက်မှုတစ်ခုရဲ့သားကောင်ဖြစ်ပြီးတဲ့နောက် သူ့ရဲ့နောက်ဆက်တွဲဒဏ်ရာတွေနဲ့ပြန်လည်ရင်ဆိုင်ရပုံတွေ။ ဒီဇာတ်လမ်းတွေဟာ ဇာတ်ကောင်နဲ့ဇာတ်လမ်းချင်းတိုက်ရိုက်မပတ်သက်ပေမယ့် အမေရိကန်အိမ်ထောင်စုတွေရဲ့ကန့်လန့်ကာနောက်ကွယ်က ငရဲခန်းဆိုတဲ့ Theme တစ်ခုနဲ့ပဲချိတ်ဆက်ထားတာပါ။ ရက်စက်ကြမ်းကြုတ်လွန်းတယ်လို့ဝေဖန်မှုတွေရှိခဲ့ပေမယ့် ဝေဖန်ရေးသမားတွေကတော့လက်ရာမြောက်တဲ့အနုပညာတစ်ခုအဖြစ်ချီးကျူးကြပါတယ်။ တကယ်လည်း ကြည့်ရှုရခက်ခဲပြီး စိတ်ထိခိုက်စရာ ပြကွက်နဲ့အကြောင်းအရာတွေ ပါဝင်ကြောင်းသတိပေးပါရစေ။ File size… (2 GB) / (1.2 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Horror Duration…. 01:45:01 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း