ဇာတ်ကားများ ရွေးရန်

Rosencrantz & Guildenstern Are Dead

1991ဇာတ်ကားအမှတ် 6.9/10117 မိနစ်

"Rosencrantz & Guildenstern Are Dead" (1991) IMDB : 7.3 Rotten Tomatoes : 60% Genre : Comedy / Drama ၁၉၉၀ ခုနှစ်ထွက် "Rosencrantz & Guildenstern Are Dead" ရုပ်ရှင်ဟာ နာမည်ကျော် စာရေးဆရာ William Shakespeare ရဲ့ Hamlet ပြဇာတ်ကို အခြေခံပြီး ဒါရိုက်တာ Tom Stoppard ကိုယ်တိုင်ရေးသားခဲ့တဲ့ ပြဇာတ်ကို ရုပ်ရှင်အဖြစ် ပြန်လည် အသက်သွင်းထားတဲ့ ကမ္ဘာကျော် ဂန္ထဝင်ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်ညွှန်း ဒီရုပ်ရှင်ကို "ဟမ်းလက်" ပြဇာတ်ထဲက အရေးမပါတဲ့ ဇာတ်ရံ ဇာတ်ကောင် နှစ်ဦးဖြစ်တဲ့ ရိုဇင်ခရန့်ဇ် (Rosencrantz) နဲ့ ဂီးလ်ဒန်စတန်း (Guildenstern) တို့ရဲ့ ရှုထောင့်ကနေ ဇာတ်အိမ်တည်ထားပါတယ်။ သူတို့နှစ်ယောက်ဟာ ဘုရင်ကြီးရဲ့ ခေါ်ယူမှုကြောင့် နန်းတော်ကို ရောက်လာခဲ့ပေမယ့်၊ သူတို့ ဘာကြောင့် ဒီကိုရောက်နေလဲ၊ ဘာလုပ်ရမလဲ ဆိုတာကို သူတို့ကိုယ်တိုင်တောင် ရေရေရာရာ မသိကြပါဘူး။ နန်းတော်ထဲမှာ ဖြစ်ပျက်နေတဲ့ ဟမ်းလက်ပြဇာတ်ရဲ့ အဓိက ဇာတ်ကွက်တွေ ကြားထဲမှာ သူတို့နှစ်ယောက် မျက်စိလည် လမ်းမှားဖြစ်ပြီး ကံကြမ္မာရဲ့ ခေါ်ဆောင်ရာကို ဘာမှန်းမသိ လိုက်ပါသွားရတဲ့ အကြောင်းကို ဟာသနှောပြီး တင်ဆက်ထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်က သာမန်ကြည့်ရင် ဘာကိုဆိုလိုလဲဆိုတာ တော်တော်လေးကို ဖမ်းရခက်ပါတယ်။ ရုပ်ရှင်ရဲ့ အဓိကဆိုလိုရင်းက "ဖြစ်တည်မှုဝါဒ" (Existentialism) နဲ့ "အဓိပ္ပါယ်မဲ့ခြင်း" (Absurdism) ပဲ ဖြစ်ပါတယ်။ ဇာတ်ကားအစမှာ အကြွေစေ့ပစ်တိုင်း ခေါင်းချည်းပဲကျနေတာကိုပြထားပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် သူတို့နှစ်ယောက်ဟာ သာမန်မဟုတ်ပဲ သဘာဝတရားအပြင်ဘက်ကိုရောက်နေကြောင်း မြင်ရမှာပါ။ လူသားတွေဟာ ကိုယ်ပိုင် ရွေးချယ်ခွင့် (Free will) ရှိသလား၊ ဒါမှမဟုတ် ဇာတ်ညွှန်းရေးဆရာ (သို့မဟုတ် ကံကြမ္မာ) ရေးဆွဲထားတဲ့ အတိုင်း အဆုံးသတ်ကို မလွဲမသွေ သွားရမှာလား အစရှိတဲ့ နက်နဲလှတဲ့ မေးခွန်းတွေကို မေးခွန်းထုတ်ထားပါတယ်။ Cast တွေအနေနဲ့လည်း မင်းသားကြီးနှစ်ယောက်ဖြစ်တဲ့ Tim Roth နဲ့ Gary Oldman တို့က သရုပ်ဆောင်ထားတာမလို့ Cast အနေနဲ့ကလည်း တော်တော်လေးကို ပြီးပြည့်စုံနေပါပြီ။ ခံစားကြည့်ရှုလိုက်ကြပါ။ File size… 2.4 GB/ 1 GB Quality… WEB DL 1080p/ 720p Format… mp4 Duration…. 1h 57m Genre ..... Comedy / Drama Subtitle…. Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း