ဇာတ်ကားများ ရွေးရန်

Red Riding

2026ဇာတ်ကားအမှတ် 5.0/1086 မိနစ်

Red Riding (2026) Red Riding ဟာ ဆေးစွဲနေတဲ့ မိခင်ဖြစ်သူနဲ့နှစ်ဦးတည်း အတူနေတဲ့ ဆယ်ကျော်သက်ကောင်မလေးပါ။ သူ့မိခင်ဖြစ်သူ ဆေးလွန်သေဆုံးသွားခဲ့တဲ့ နောက်မှာတော့ သူ့မှာရွေးချယ်စရာမရှိတော့ပဲ တစ်သက်လုံး တစ်ခါမှမတွေ့ဖူးတဲ့ စကော့တလန်တောပိုင်းက စံအိမ်ကြီးမှာ အဘွားဖြစ်သူနဲ့နေဖို့ရောက်လာပါတယ်။ သူတို့မိသားစုဟာ တကယ်တမ်တော့ ချမ်းသာကြွယ်၀လှပြီး တစ်မြို့လုံးကိုစေလိုရာစေ ဩဇာညောင်းကြသူတွေဖြစ်ပါတယ်။ သူ့အဘွားဟာ သူ့ကိုဖော်ရွေသယောင်ရှိပေမယ့် တစ်စုံတစ်ခုကိုဖုံးကွယ်ထားသလို ပဟေဠိဆန်လှပါတယ်။ မြို့ပေါ်မှာ လွတ်လွတ်လပ်လပ်နေထိုင်လာတဲ့ Red Riding တစ်ယောက် စံအိမ်ကြီးကနေ မြို့ထဲကိုထွက်တဲ့အချိန်မှာ သူ့မိခင်ရဲ့ငယ်ဘ၀ကိုခြေရာခံရင်း ရွယ်တူအပေါင်းအသင်းတွေရှာတွေ့ရာကနေ သူတို့အိမ်ကြီးနဲ့ပတ်သက်တဲ့၊ သူတို့မိသားစုနဲ့ပတ်သက်တဲ့ ကောလဟာလတွေ မြို့ခံတွေရဲ့အမြင်ကိုပါ သိလာရပါတော့တယ်။ Red Riding ဟာ Red Riding Hood ဒဏ္ဍာရီကို အခြေခံထားတာမဟုတ်ပါဘူး။ ဒါပေမယ့် ထင်မှတ်မထားတဲ့ အလှည့်အပြောင်းတွေနဲ့ စိတ်ဝင်တစားကြည့်ရှုရမယ့် သိချင်စိတ်ကိုဆွဲခေါ်နိုင်တဲ့ slow-burn mystery ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size… (1.2 GB) / (650 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror, Thriller Duration…. 01:26:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း